DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပထမဆုံး  မသန်စွမ်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့  ဖွဲ့စည်း
DVB
·
February 19, 2019
မြန်မာနိုင်ငံ၏ ပထမဆုံး  မသန်စွမ်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့  ဖွဲ့စည်း
Donate to DVB

မြေမြုပ်မိုင်းဒဏ်ကြောင့် ခြေထောက်စွန့်လွှတ်လိုက်ရသူတွေစုပေါင်းပြီး လူမှုဂရုဏာ လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် မသန်စွမ်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့ကို ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ကော့ပြင်းကျေးရွာမှာ ဖေဖော်ဝါရီ ၁၈ ရက်က စတင်ဖွဲ့စည်းလိုက်ပါတယ်။  

အခုလိုဖွဲ့စည်းရတာဟာ  မြေမြုပ်မိုင်းဒဏ်ကြောင့် ခြေထောက်စွန့်လွှတ်လိုက်ရပေမယ့်  လူမှုဂရုဏာ လုပ်ငန်းတွေကိုလုပ်ကိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတာဖြစ်တယ်လို့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

“မိုင်းထိပြီးတော့ ခြေထောက်တွေဆုံးရှုံးတဲ့အချိန်မှာ ကူညီပေးခဲ့တဲ့ ကြက်ခြေနီအဖွဲ့ကို အားကျတယ်။ တို့လည်း မသန်ပေမယ့် စွမ်းတယ်ဆိုတာကို ပြချင်တယ်။ နောက် အခြား လူမှုဂရုဏာလုပ်ငန်းတွေမှာ ကူညီချင်တယ်။ ဒါကြောင့် ဒီအဖွဲ့ကိုဖွဲ့ခဲ့တာပါ”လို့ အဖွဲ့ဝင် ဦးစိန်ထူးက ပြောပါတယ်။

ဒီအဖွဲ့ကို အင်အား ၂၀  နဲ့ ကျောက်ကြီးမြို့နယ်မှာ ပထမဆုံးအကြိမ် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၉ မေလထဲမှာတော့ အခြေခံ ရှေးဦးပြုစုခြင်း သင်တန်းကို သင်ကြားပေးသွားမှာဖြစ်တယ်လို့ ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်ကိုသားကြီးက ပြောပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်းမှာ မိုင်းဒဏ်ကြောင့် မသန်စွမ်းသူ ၄၀၀ ကျော်ရှိ တယ်လို့ ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းထံက သိရပါတယ်။

ကျော်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013