DVB Logo
Home
မြန်မာသတင်း
ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များကို ထောက်ပံ့ငွေ အပြည့်မပေးရင် အရေးယူမည်
DVB
·
February 19, 2019
ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များကို ထောက်ပံ့ငွေ အပြည့်မပေးရင် အရေးယူမည်
Donate to DVB

နိုင်ငံတော်က ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးမြှင့်တင်ဖို့ ထောက်ပံ့ပေးအပ်တဲ့ငွေတွေကို တာဝန်ရှိသူတွေအနေနဲ့  ပြည့်ပြည့်၀၀ မပေးအပ်ရင် ထိထိရောက်ရောက် အရေးယူမယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာပြုလုပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်များနှင့် သူတို့က မွေးဖွားလာတဲ့ အသက်၂ နှစ်အောက်ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ကိုယ်ဝန်ဆောင်မိခင် သေဆုံးတာ လျော့ချနိုင်ဖို့၊ ကျန်းမာရေးစစ်ဆေးခံယူနိုင်ဖို့၊ ကလေးငယ် တွေ အဟာရချိုတဲ့တာကနေ လျော့ချနိုင်ဖို့၊ မိခင်ကိုယ်ဝန်ဆောင်နေတုန်းမှာ ကလေးငယ်တွေ စံချိန်မီ အတွေးအခေါ်၊ ဥာဏ်ရည်တွေပြည့်မှီစွာ မွေးဖွားလာနိုင်ဖို့အတွက် ရည်ရွယ်ပြီး နိုင်ငံတော်က ထောက်ပံ့ငွေပေးအပ်တာပါ။

ဒီအခမ်းအနားမှာ ဘားအံမြို့နယ်အတွင်းက ကိုယ်ဝန်ဆောင်မိခင်ဦးရေ ၃၉၀၀ ကျော်နဲ့ ကလေးဦးရေ ၁၂၀၀ ကျော်အတွက် တဦးကို ကျပ်၁၅၀၀၀ နှုန်းနဲ့  ၃ လစာ မြို့နယ် အုပ်ချုပ်ရေးမှူးက တဆင့် ပေးအပ်ခဲ့ပါတယ်။

ကရင်ပြည်နယ်တခုလုံးမှာ  ပထမအရစ်အနေနဲ့ ကျပ်သိန်းပေါင်း ၇၃၀၀ ထောက်ပံ့တာဖြစ်ပြီး တနှစ်စာအတွက်ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀၀၀ကို လေးလမှာ တကြိမ် အရစ်ကျ ထောက်ပံ့သွားမှာပါ။

ကရင်ပြည်နယ်အတွင်းက တချို့မြို့နယ်တွေမှာ မသန်းစွမ်းသူတွေအတွက် နိုင်ငံတော်က လူတဦးကျပ်တသိန်းနှုန်းနဲ့ ပထမဆုံးအကြိမ် ထောက်ပံ့ပေးအပ်တဲ့ငွေတွေကို  တာဝန်ရှိသူတချို့က ရသင့်ရထိုက်သူတွေကို ပြည့်ပြည့်၀၀ ပြန်ပေးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မသန်စွမ်းသူတွေ နိုင်ငံတော်ကပေးအပ်တဲ့ ထောက်ပံ့ငွေတွေ ပြည့်ပြည့်၀၀ ရရှိအောင် စေတနာထားလုပ်ဆောင်ပေးသွားဖို့ ကရင်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးက အခမ်းအနားမှာ တိုက်တွန်းပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013