
ဘရိုက်တန်နောက်ခံလူဟောင်း အီဇီကီရယ် ရှယ်လော့တိုဟာ ပြီးခဲ့တဲ့အပတ်က သူကစားနေတဲ့ ဆွစ်ဇာလန် တတိယတန်းလိဂ်ပွဲစဉ်မှာ ကွင်းဘေးနားက မီးကို ကိုယ်တိုင်ငြှိမ်းသတ်ပေးခဲ့ရပါတယ်။
ပါရာဒီဇို အသင်းခေါင်းဆောင် ရှယ်လော့တိုဟာ ပွဲကစားနေစဉ် ဂိုးတိုင်နောက်ဘက်မှာ မီးလောင် တာကို မြင်တွေ့ခဲ့တာကြောင့် ကွင်းဘေးက ရေပိုက်ကိုဆွဲပြီး ကိုယ်တိုင်ငြှိမ်းသတ်ခဲ့တာပါ။
ရှယ်လော့တိုဟာ ၂၀၁၇ ကနေ ၂၀၂၀ အထိ ဘရိုက်တန်မှာ ကစားခဲ့ဖူးပြီး နည်းပြ ဂရေဟမ်ပေါ်တာ၊ တိုက်စစ်မှူး ဇာဟာတိုနဲ့ ပြဿနာဖြစ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
အခုပွဲမှာတော့ သူ့အသင်းက (၂-၁) ဂိုး နဲ့ အနိုင်ရရှိခဲ့သလို သူဟာလည်း မီးငြှိမ်းသတ်ပေးခဲ့တဲ့ သူရဲကောင်း တယောက် ဖြစ်ခဲ့ပါတယ်။










