DVB Logo
Home
မြန်မာသတင်း
ထိုင်းဗီဇာတံဆိပ်တုံးတုထုပြီး  မြန်မာများအားခေါ်ဆောင်လာသည့်ဂိုဏ်းကို ဖမ်းဆီး
DVB
·
February 19, 2019
ထိုင်းဗီဇာတံဆိပ်တုံးတုထုပြီး  မြန်မာများအားခေါ်ဆောင်လာသည့်ဂိုဏ်းကို ဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ  ထိုင်းဗီဇာတံဆိပ်တုံး အတုထုပြီး မြန်မာတွေ ခေါ်ဆောင်လာတဲ့ဂိုဏ်းကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ 77jowo ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ပေါ်မှာ ထိုင်းနိုင်ငံဝင်ခွင့် ဗီဇာအတုထုပြီး ဘန်ကောက်ကို တရားမ ၀င်အလုပ်သမားတွေ ပို့ဆောင်နေတဲ့ဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းလိုက်တဲ့အကြောင်း ထိုင်းလ၀က ဒုရဲမှူးချုပ် ဆူရချေ့ ဟတ်ဖန်းက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့လက ကန်ကျနပူရီခရိုင်ထဲမှာ ထိုင်းဗီဇာတုံးအတုထုထားတဲ့ မြန်မာ နိုင်ငံကူးလက်မှတ်တွေနဲ့အတူ စိုးမိုးဇော်နဲ့ အပေါင်းပါ ၉ ဦးကို ဖမ်းဆီးရမိပြီးတဲ့ နောက် ကွင်းဆက်တွေ လိုက်လံစုံစမ်း စစ်ဆေးနေရာမှာ ဖေဖော်ဝါရီ ၁၀ ရက်က ဗီဇာတုံး ထုရာမှာ ပါဝင်ပတ်သက်တဲ့  မြန်မာနိုင်ငံသား နိုင်းအတ် (အသက် ၃၅ နှစ်) နဲ့ မင်းမြတ်နိုင် (၃၅ နှစ်) တို့ကို ခရိုင်တရားရုံးအမိန့်နဲ့ ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။

သူတို့ဆီကနေ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ်ပေါင်း ၁၅ အုပ်ကိုလည်း သိမ်းဆည်းရမိပြီး ထိုင်းဗီဇာတံဆိပ်တုံးတု ထုခ တကြိမ်လျှင် ဘတ်ငွေ ၂၀၀၀ ရရှိတယ်လို့လည်း ၀န်ခံသွားပါတယ်။

မင်းမြတ်နိုင်ရဲ့ထွက်ဆိုချက်အရ မြန်မာဘက်က ၀င်လာတဲ့သူတွေကို နေရာထိုင်ခင်း စီမံပေးဖို့ ကိုအောင် ဆိုသူက သူ့ကို နိုင်းအတ်အား ဆက်သွယ်စေခဲ့ကြောင်း၊ သူ့ရဲ့တာဝန်ကတော့ မြန်မာအလုပ်သမားတွေကို သွားရောက်ကြိုဆိုပြီး အလုပ်မရခင် နေရာထိုင်ခင်းစီစဉ်ပေးကာ အလုပ်ရှိလာရင် လုပ်ငန်းခွင်ကို လိုက်ပို့ပေးရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ကိုအောင်ဆိုသူကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

မြန်မာတွေအကြားမှာ ဗီဇာတုံးအတုမိတဲ့ပြဿနာဟာ မနှစ်ကတည်းက ရှိနေတာဖြစ်ပြီး ဖမ်းဆီးရမိသူတွေဟာ ထိုင်းဗီဇာတံဆိပ်တုံး တုပလာတာကြာလို့  ကျွမ်းကျင်နေပြီဖြစ်ကြောင်း၊ ငွေရပြေစာတွေလည်း အတုဖြစ်ကာ၊ ဒီပြဿနာကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း သူတို့ကို အကြောင်းကြားခဲ့တယ်လို့  ထိုင်းလ၀က ဒုရဲမှူးချုပ်က ဆက်ပြောပါတယ်။

အခုဆိုရင်တော့ ထိုင်းဗီဇာတုံးကို တုပလို့ မလွယ်ကူအောင် အနုစိပ်ဒီဇိုင်းနဲ့အသစ်ပြန်ပြင်ပြီး ဖြစ်ကြောင်း၊ ဗီဇာတုံးအတုပြဿနာကို အမြစ်ပြတ်နှိမ်နင်းသွားမယ်လို့ ထိုင်းလ၀က ဒုရဲမှူးချုပ်က ပြောပါတယ်။

ဖမ်းဆီးရမိသူတွေကိုတော့ တရားမ၀င်သူများအား ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာမှု၊ တရားမ၀င်သူများ အဖမ်းမခံရအောင် အကာအကွယ်ပေးမှု၊ ဌာနဆိုင်ရာတံဆိပ်တုံးနဲ့ စာရွက်စာတမ်း တုပမှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး သူတို့ကိုင်ဆောင်တဲ့ နိုင်ငံကူးလက်မှတ်တွေ လည်း ရုပ်သိမ်းခံရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ရွှေ့ပြောင်းအ လုပ်သမားတွေကြား ဗီဇာတံဆိပ်တုံးအတုထုပေးနေတဲ့ ကုမ္ပဏီတခုကို တာဝန်ရှိသူတွေက ၀င်ရောက်စီးနင်းပြီး ကုမ္ပဏီပိုင်ရှင်ထိုင်းလူမျိုးနဲ့ ဇနီးသည်မြန်မာအမျိုးသမီး တဦးတို့ကို ဖမ်းဆီး အရေးယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013