DVB Logo
Home
မြန်မာသတင်း
ဇန်နဝါရီလအတွင်း အမြန်လမ်း၌ ယာဉ်မတော်တဆမှု ၄၀ ကျော်ဖြစ်ပွား၊ ၅ ဦးသေဆုံး
DVB
·
February 19, 2019
ဇန်နဝါရီလအတွင်း အမြန်လမ်း၌ ယာဉ်မတော်တဆမှု ၄၀ ကျော်ဖြစ်ပွား၊ ၅ ဦးသေဆုံး
Donate to DVB

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း  ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ၄၀ ကျော်ဖြစ်ပြီး  ၅ ယောက်သေဆုံးသွားတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ ယာဉ်မတော်တဆ ၄၃ မှု ကြောင့် ၅၉ ယောက် ဒဏ်ရာရခဲ့ပြီး အမျိုးသမီး တယောက်အပါအဝင် ၅ ယောက် သေဆုံးခဲ့ပါတယ်။

ဒါဟာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲ့ စီမံခန့်ခွဲခွင့်နယ်မြေဖြစ်တဲ့ မိုင်တိုင် ၀ ကနေ ၃၅၂ မိုင် ၆ ဖာလုံအထိထဲမှာ ဖြစ်ခဲ့တာပါ။

အမြန်လမ်းမှာ ၂၀၁၈ ခုနှစ်က ယာဉ်မတော်တဆမှုပေါင်း ၄၀၀ ကျော်ဖြစ်ခဲ့ပြီး  ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၄ နှစ်အတွင်း ယာဉ်မတော်တဆတွေကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013