DVB Logo
Home
မြန်မာသတင်း
မော်လူး ဒီပင်္ကရာဘုရားပွဲဈေးတန်း၌  စားသုံးရန်မသင့်သည့် စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ
DVB
·
February 19, 2019
မော်လူး ဒီပင်္ကရာဘုရားပွဲဈေးတန်း၌  စားသုံးရန်မသင့်သည့် စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့၊ ဒီပင်္ကရာ ဘုရားပွဲတော်ရှိ ဈေးဆိုင်ခန်းတွေကို ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ စားသုံးဖို့မသင့်တဲ့ စားသောက်ကုန်တွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကသာခရိုင် စားသုံးသူရေးရာ ဦးစီးဌာနက သိရပါတယ်။

ဘုရားပွဲတော်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ကို မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ လျှပ်စစ်၊ မီးသတ်၊ စားသုံးသူ ရေးရာဦးစီးဌာနတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်မှာ  ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့တာလို့ မော်လူးအုပ်စု အုပ်ချုပ်ရေးမှူးဦးစိုးမြင့်ကပြောပါတယ်။

စစ်ဆေးရာမှာ ရက်စွဲမပါ ဒေသလုပ်အချိုရည်ဗူးတွေ ရက်လွန် ပင်မှည့်အချိုရည်ဗူးတွေ၊ ရက်လွန် အသားတုအချောင်းတွေ၊ ဆိုးဆေးအနီ အလွန်အကျွံ သုံးထားသော စလေဘီမုန့်များ စစ်ဆေးတွေ့ရှိခဲ့ပြီး နမူနာသိမ်းဆည်း ကာ မီးရှို့ဖျက်ဆီးသွားဖို့ရှိနေပါတယ်။

 ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးကျော်အုန်းက “စားသောက်ဆိုင်တွေ စစ်ဆေးတဲ့အခါအချို့ဆိုင်တွေမှာ သက်တမ်းလွန်တာပါတယ်။ ဆိုးဆေး အလွန်အကျွံ သုံးစွဲတာပါတယ်။ မသုံးစွဲဖို့ ပညာပေးခဲ့တယ်။ ပွဲတော်ကွပ်ကဲရေးရုံးမှာ အကြံပြုခဲ့ပါတယ်။ နောက်နှစ် စားသောက်ဆိုင်တွေ လုပ်တဲ့အခါမှာ စားသုံးသူကာကွယ်ရေးအဖွဲ့နဲ့ ကြိုတင် စစ်ဆေးပြီးမှ ရောင်းချခွင့်ပေးဖို့ အကြံပြုခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စားသုံးသူတွေလည်း အကျိုးရှိမယ် ရောဂါကင်းမယ်။”လို့ ပြောပါတယ်။

၂၀၁၉ ဧပြီလက စပြီး စားသောက်ကုန်တွေမှာ မြန်မာစာ မပါလို့ရှိရင် မရောင်းချရဘူးဆိုတာ အသိပညာပေးခဲ့တယ်လို့လည်းသိရပါတယ်။

မော်လူးမြို့ ဒီပင်္ကရာဘုရားပွဲတော်ကျင်းပလာတာ (၁၀၈) ကြိမ်မြောက်ရှိပြီး ဘုရားပွဲတော် ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ စတင်ကာ ၁၉ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပနေပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013