DVB Logo
Home
မြန်မာသတင်း
ယာဉ်ထိန်းရဲကို “တပ်ထဲလိုက်ခဲ့”ဟု ခြိမ်းခြောက် ကားပေါ်တင်ခေါ်သွားသူအား ဖမ်းဆီးစစ်ဆေး (ရုပ်သံ)
DVB
·
February 19, 2019
ယာဉ်ထိန်းရဲကို “တပ်ထဲလိုက်ခဲ့”ဟု ခြိမ်းခြောက် ကားပေါ်တင်ခေါ်သွားသူအား ဖမ်းဆီးစစ်ဆေး (ရုပ်သံ)
Donate to DVB

တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တဦးကို တပ်ထဲလိုက်ခဲ့ဖို့ ခြိမ်းခြောက်ပြီး ကားပေါ်တင်ဆောင်သွားခဲ့သူကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ရဲဇာနည်သတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်းဆုံ၊ "ရွှေဘဲ"စားသောက်ဆိုင်အနီးတံတားအောက်မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တဦးက ယာဉ်တစီးကို တားပြီး ယာဉ်မောင်းလိုင်စင်နဲ့ ဝှီးတက်တို့ကိုစစ်ဆေးဖို့ တောင်းခဲ့ရာမှာ ယာဉ်မောင်းက ယာဉ်ထိန်းရဲကို "တပ်ထဲလိုက်ခဲ့၊ ကားပေါ်တက်"လို့ပြောဆိုပြီး ကားပေါ်တင်ကာ တံတား အောက်မှာ လှည့်ပတ်မောင်းပြီးနောက် မူလနေရာကို ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံသွားပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေရာမှာ ရဲကို ခြိမ်းခြောက်ပြီးကားနဲ့ တင်ခေါ်သွားခဲ့သူဟာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေးမှာ နေတဲ့ အသက် ၅၄ နှစ်အရွယ်  ဦးဇော်ထူး ဖြစ်တယ်လို့ စုံစမ်းသိရှိခဲ့တယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်နံပါတ် 1K/×××× Crown အဖြူရောင်ယာဉ်ကို ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအတွင်း ရဲတပ်ဖွဲ့ကလိုက်လံ စုံစမ်းစစ်ဆေးခဲ့ရာမှာ ဖေဖော်ဝါရီ ၁၈ ရက်ညနေက ပဲခူးမြို့၊ JADE GARDEN ဟိုတယ်မှာ တွေ့ရှိပြီး အမျိုးသမီးတဦးနဲ့ အတူလာရောက်တည်းခိုနေထိုင်တဲ့ ဦးဇော်ထူးကို ဖမ်းဆီးရမိခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013