DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီဒုတိယအဆင့် ရုပ်ရှင် ၂၅ ကားတွင် ဒါရိုက်တာဝိုင်း၏ ဇာတ်ကား ၄ ကားပါဝင်
DVB
·
February 18, 2019
အကယ်ဒမီဒုတိယအဆင့် ရုပ်ရှင် ၂၅ ကားတွင် ဒါရိုက်တာဝိုင်း၏ ဇာတ်ကား ၄ ကားပါဝင်
Donate to DVB

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့က ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆု ချီးမြှင့်နိုင်ဖို့ ဒုတိယအဆင့် ဆန်ကာတင် ရွေးချယ်လိုက်တဲ့ မြန်မာရုပ်ရှင် ၂၅ ကားစာရင်းမှာ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးတဲ့ ရုပ်ရှင်ကားတွေ အများဆုံး ပါဝင်နေပါတယ်။

ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရိုက်ကူးတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ သတို့သမီး၊ ငွေသော်တာရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရိုက်ကူးတဲ့ ရွှေကြာနဲ့ စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရိုက်ကူးတဲ့ သမ္မတကြီးထံပေးစာ ရုပ်ရှင်ကား ၄ ကား ပါဝင် နေတာ ဖြစ်ပါတယ်။

သူ့နောက်မှာတော့ ရုပ်ရှင်ကား ၂ ကားစီနဲ့ ဒါရိုက်တာ ၀င်းထွန်းထွန်း(၀ိညာဉ်စိမ်း၊ ငယ်ကျွန်)၊ ညွန့်မြန်မာ ညီညီအောင်(လရောင်ဖြာတဲ့ အင်းလေးမှာ၊ ငဒူ)၊ ဒါရိုက်တာ သြ ရသ(မုန်းစွဲ၊ တိမ်တိုက်တံတား) ဒါရိုက်တာ ၀င်းလွင်ထက်(ငါ့ကိုနမ်းတဲ့ မုန်တိုင်း၊ ကိုယ် စောင့်နတ်)တို့နဲ့ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီ (ဥပါယ်တံမျဉ်၊ မုဒြာရဲ့ ခေါ် သံ)တို့က ပါဝင်လာကြတာ ဖြစ်ပါတယ်။

ကျန်တဲ့ ရုပ်ရှင်ကားတွေကတော့ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ မိုးပန်းပွင့်ရဲ့ သ င်္ကေတ၊ ဒါရိုက်တာ အာကာရိုက်ကူးတဲ့ ဒုဋ္ဌ၀တီကို လွန်၍၊ ဒါရိုက်တာ ဗန်းကြီးရိုက်ကူးတဲ့ ဥပါဒါန်၊ ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်) ရိုက်ကူးတဲ့ ပြည်ထောင်စုသစ္စာ၊ ဒါရိုက် တာ ကြည်ဖြူသျှင်ရိုက်ကူးတဲ့ ဇာတိမြေ၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူး တဲ့ မှော်ဝင်သမန်းကျား၊ ဒါရိုက်တာ လူမင်း ရိုက်ကူးတဲ့ ကြတ်ဂူ၊ ဒါရိုက်တာ မောင်ယဉ် အောင် ရိုက်ကူးတဲ့ နောင်တွင် ဥဒါန်းတွင်စေသတည်း၊ ဒါရိုက်တာ ဥာဏ်ထင် ရိုက်ကူးတဲ့ မျက်နှာပြင်များ၊ ဒါရိုက်တာ ဏကြီးရိုက်ကူးတဲ့ မီ၊ ဒါရိုက်တာ မီးပွားရိုက်ကူးတဲ့ ရန်သူ စတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ဖို့အတွက် အကယ်ဒမီအကဲဖြတ် စိစစ်ရေးအဖွဲ့ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ဒီဇင်ဘာ ၃ ရက်က စတင်ဖွဲ့ စည်း ခဲ့တာဖြစ်ပြီး ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဒါရိုက်တာ ကြည်စိုး ထွန်း၊ ဒု-ဥက္ကဋ္ဌ ပန်းချီစိုးမိုး၊ အတွင်းရေးမှူးအဖြစ် ဦးအေးကြူလေးတို့က တာဝန်ယူ ဆောင်ရွက်နေတာပါ။

အကဲဖြတ်အဖွဲ့မှာ အဖွဲ့ခွဲတွေအဖြစ် အဖွဲ့ ၈ ဖွဲ့စည်းထားပြီး တဖွဲ့ကို လူဦးရေ ၅ ဦးစီနဲ့ စုစုပေါင်း လူဦးရေ ၄၀ နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်ကျော်ကနေ စတင်ပြီး ရုပ်ရှင်ဇာတ်ကားတွေကို စတင်အကဲဖြတ်ကြည့်ရှုနေပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကား ၈၃ ကားရှိခဲ့ပြီး အခုထွက်ရှိလာတဲ့ ၂၅ ကားကတော့ ဒုတိယအဆင့်အနေနဲ့ ကြည့်ရှုအကဲဖြတ်သွားမယ့် ဇာတ်ကားတွေ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်လမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
---------------

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013