
မတ်ပဲ
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲကပိဿာ ၆၀ ၀င်တအိတ်ကို ၅၉၂၀၀ ပေါက်ဈေးရှိပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၂၀၀၀ မှ ၆၅၀၀၀ ပေါက်ဈေးရှိပြီး ၄၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင်မှာ ၅၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း)က ပိဿာ ၆၀ ၀င်တအိတ်ကို ၆၇၇၀၀ ပေါက်ဈေးရှိပါတယ်။
မန္တလေး ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)က ပိဿာ ၆၀ ၀င်တအိတ်ကို ၇၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာ ပါတယ်။ရန်ကုန်နှင့် မန္တလေး ကုန်စည်ဒိုင်မှာ ၈၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲလွန်းဖြူ
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ၅၄.၂၅ ပိဿာဝင် တအိတ်ကို ၆၆၀၀၀ ပေါက်ဈေးရှိပြီး ၃၉၀၀ ကျပ် ဈေးတက်လာပါတယ်။
မန္တလေး ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူ တအိတ်ကို ၆၅၀၀၀ မှ ၇၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်း သွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၄၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ကုလားပဲ(929)
မန္တလေး ကုန်စည်ဒိုင်မှာ ကုလားပဲ(929)က ၅၆.၂၅ ပိဿာဝင် တအိတ်ကို ၇၄၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မကွေးကုန်စည်ဒိုင်မှာ ကုလားပဲ (929)တအိတ်ကို ၇၆၅၀၀ ပေါက်ဈေးရှိ ပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ၂၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲထောပတ်
မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆.၂၅ ပိဿာဝင် တအိတ်ကို ၁၀၅၀၀၀ မှ ၁၂၅၀၀၀ ပေါက်ဈေးရှိပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ပဲထောပတ်တအိတ်ကို ၁၀၉၅၀၀ ပေါက်ဈေးရှိပြီး ၄၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင်မှာ ၄၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
စီပီပြောင်း
မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင်တအိတ်ကို ၂၃၅၀၀ မှ ၂၄၀၀၀ ပေါက်ဈေးရှိပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာ စီပီပြောင်းတအိတ်ကို ၂၂၄၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၁၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA











