DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းမြေယာအတွက် တောင်သူများကို လျော်ကြေး ကျပ်သန်း ၁၇၀၀ ကျော်ပေးအပ်
DVB
·
February 18, 2019
သိမ်းဆည်းမြေယာအတွက် တောင်သူများကို လျော်ကြေး ကျပ်သန်း ၁၇၀၀ ကျော်ပေးအပ်
Donate to DVB

မင်းဘူးမြို့နယ်အတွင်း မီးရထားလမ်း​ဖောက်​လုပ်​စဉ်​က ​မြေယာ သိမ်းဆည်းခံခဲ့ရတဲ့ တောင်​သူတွေကို ​လျော်​​ကြေး​ငွေ ကျပ်​သန်း​ ၁၇၀၀ေ​ကျာ်​​ ပေးအပ်​လိုက်ပါတယ်။

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူးမြို့ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန ခန်းမမှာ ဒီနေ့မနက်ပိုင်းက ​ပေးအပ်​ခဲ့တာပါ။

မင်းဘူးစကု မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးသိန်း​ဇော်​ကံက "ကြံခင်း-ပခုက္ကူ ရထားလမ်း ​ပေါ်ရှိ ​ကျေးရွာအုပ်​စု ၁၂ ခုနဲ့ မင်းဘူး-အမ်းမီးရထားလမ်းပိုင်းက ​ကျေးရွာအုပ်​ ၂ ခုက ​တောင်​သူ​တွေကို ပထမဆုံး အကြိမ်​ ​လျော်​​ကြေး​ပေးအပ်​တာပါ။ မြေယာအရှုပ်​ရှင်းကင်းပြီး အမှန်​တကယ်​ရသင့်တဲ့သူ​တွေကို ​သေချာစိစစ်​​ပေး​လျော်​ခဲ့တာပါ။ ​မြေယာအရှုပ်​ရှင်းဖြစ်​​နေတဲ့ ​ကျေးရွာအုပ်​စု နှစ်​ခုကို လည်း​နောက်​နှစ် ဘတ်​ဂျက်​​တွေမှာ ​လျော်​​ကြေး​ပေးနိုင်​ဖို့ ​ဆောင်​ရွက်​​နေတယ်​" လို့ ပြောပါတယ်​။

မင်းဘူးစကုမြို့နယ်​ ​ချောင်​​ကောက်​​ကျေးရွာက ​တောင်​သူ ဦးထွန်း​အေးက မီးရထား လမ်း စ​ဖောက်​ကတည်းက ​မြေယာ​တွေသိမ်းဆည်းခံရတာလို့ ပြောပါတယ်။ 

“လျော်​​ကြေး​ငွေ မရရှိခဲ့ ပါဘူး၊ စတင်​အသိမ်းခံခဲ့ရစဉ်​က ​လျော်​​ကြေး​ငွေရလိမ့်​မယ်​လို့ မ​မျှော်​လင့်ခဲ့ပါဘူး။ မျှော်​လင့်မထားဘဲနဲ့ ​လျော်​​ကြေး​ငွေ​တွေ ရရှိလာ​တော့ ​ဒေသခံ​တောင်​သူ​တွေ အထူးဝမ်း​မြောက်နေကြ ပြီး အဆင့်ဆင့်ကူညီ​ဆောင်​ရွက်​​ပေးတဲ့ပုဂ္ဂိုလ်​​တွေနဲ့ နိုင်​ငံ​တော်​အစိုးရကို ​ကျေးဇူးတင်​​တယ်”​ လို့ ဆိုပါတယ်​။

ပခုက္ကူ-ကြံခင်း မီရထားလမ်းကို ၂၀၀၆ ခုနှစ်​က စတင်​​ဖောက်​လုပ်​ရာမှာ ​တောင်​သူ​တွေရဲ့ ​မြေယာ​တွေကို သိမ်းဆည်းခဲ့တာဖြစ်ပြီး​ မြေယာ​လျော်​​ကြေးကို ၂၀၁၅ ခုနှစ်​က စတင်​​ပေး​လျော်​ခဲ့တာဖြစ်​ပြီး အခုအကြိမ်​နဲ့ဆိုရင်​ ၁၄ ကြိမ်​​ ရှိပြီလို့  မြန်​မာ့မီးရထား၊ တိုင်း (၁၀) မှ အင်​ဂျင်​နီယာမှူး ဦးမင်းသိမ်းစိုးက ပြောပါတယ်။

မီးရထားလမ်းဖြတ်​သန်း​ဖောက်​လုပ်​ရမှာ သိမ်းဆည်းခံခဲ့ရတဲ့ ​မြေဧက ၃၂၀၀ ​ကျော်​အတွက်​ ကျပ်​သန်း​ပေါင်း ၆၇၀၀ ​ကျော်​​ပေး​လျော်​ရမှာဖြစ်​ပြီး၊ ကျပ်​သန်း​ပေါင်း ၅၆၀၀ ​ကျော်​​ ပေး​လျော်​ပြီးဖြစ်​တယ်​လို့ မြန်​မာ့မီးရထားဌာနမှ သိရပါတယ်​။

အဆိုပါ ​မြေယာ​လျော်​​ကြေး​ပေးအပ်​ပွဲအခမ်းအနားကို မ​ကွေးတိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညိုနဲ့ အစိုးရအဖွဲ့ ဝန်​ကြီးတွေ၊ မြန်​မာ့မီးရထားဌာနက တာဝန်​ရှိသူ​တွေနဲ့ ဌာနဆိုင်​ရာဝန်​ထမ်း​တွေ ​ဒေသခံ​တောင်​သူ​တွေ တက်​​ရောက်​ခဲ့ကြတာပါ။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013