DVB Logo
Home
မြန်မာသတင်း
စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲများစတင်၊ ကျပ်သန်းပေါင်း ၃၈၀၀ သုံးစွဲ
DVB
·
February 18, 2019
စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲများစတင်၊ ကျပ်သန်းပေါင်း ၃၈၀၀ သုံးစွဲ
1 / 7
Donate to DVB

ဒီပညာသင်နှစ်မှာ တနိုင်ငံလုံးက အခြေခံပညာကျောင်းတွေမှာ တက်ရောက်သင်ကြား နေတဲ့ စတုတ္ထတန်းနဲ့ အဋ္ဌမတန်းကျောင်းသားတွေအတွက် နှစ်ဆုံးစာမေးပွဲတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက်က စတင်စစ်ဆေးနေပါတယ်။

အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုကိုစစ်ဆေးတဲ့ စတုတ္ထတန်းနှစ်ဆုံး စာမေးပွဲတွေကိုတော့ ခရိုင်အဆင့်ကနေပြုလုပ်တဲ့ မေးခွန်းတွေနဲ့စစ်ဆေးတာဖြစ်ပါတယ်။

အခြေခံပညာ အလယ်တန်းအဆင့် ပြီးမြောက်မှုကိုစစ်ဆေးတဲ့ အဋ္ဌမတန်းနှစ်ဆုံး စာမေးပွဲတွေကိုတော့ တိုင်းနဲ့ပြည်နယ်အဆင့်က ပြုလုပ်တဲ့ မေးခွန်းတွေနဲ့ စစ်ဆေးတာပါ။

စတုတ္ထတန်းနဲ့ အဋ္ဌမတန်းနှစ်ဆုံးစာမေးပွဲတွေကိုတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး ဒီစာမေးပွဲတွေကျင်းပဖို့အတွက် ပညာရေးဝန်ကြီးဌာန က ကျပ်သန်းပေါင်း ၃၈၀၀ သုံးစွဲထားပါတယ်။

၂၀၁၄-၁၅ ခု ပညာသင်နှစ်ကနေစပြီး စတုတ္ထတန်းနဲ့ အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲတွေကို အစိုးရစစ်စနစ်နဲ့ စစ်ဆေးလာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013