DVB Logo
Home
မြန်မာသတင်း
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၌ နေအိမ်တလုံး ဓားပြတိုက်ခံရ၍ ရွှေထည်ပစ္စည်းများပါသွား
DVB
·
February 18, 2019
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၌ နေအိမ်တလုံး ဓားပြတိုက်ခံရ၍ ရွှေထည်ပစ္စည်းများပါသွား
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ ဈေးနားရပ်ကွက်က  လူနေအိမ် တအိမ်ကို ဓားကိုင်ထားတဲ့ ဓားပြတွေက၀င်ရောက်ပြီး ရွှေထည်ပစ္စည်းတွေနဲ့ ငွေတွေကို ယူဆောင်သွားတယ်လို့ ဓားပြတိုက်ခံရတဲ့ ကာယကံရှင်တွေက ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် ည ၂ နာရီ ဝန်းကျင်လောက်မှာ ကမ်းထောင်းကြီးမြို့ ဈေးနား ရက်ကွက်ကမ်းနားလမ်းမှာနေထိုင်တဲ့ ဦးအောင်မင်းစိုးနဲ့ ဒေါ်ချိုချိုမြင့်တို့ရဲ့ နေအိမ်ကို လူ လေးဦးက အိမ်နောက်ဖေး မှန်တံခါးကနေ ဝင်ရောက်ဓားပြတိုက်ပြီး ငွေတွေနဲ့ ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားတာပါ။

“ည ၂ နာရီဝန်းကျင်လောက်ရှိမယ်။ လူနာနှစ်ယောက်ဓားနှစ်ချောင်း အိမ်ပေါ် တက်လာတယ်။ တက်လာပြီးတော့ အစ်မယောက်ျားကို ဓားနဲ့တေ့ထားတယ်။ အဲ့ဒီအချိန် အစ်မက လန့်ပြီးနိုးတယ်။ အဲ့ဒီအချိန်မှာ အစ်တို့ နှစ်ယောက်ကို ဓားနဲ့တေ့ထားပြီးတော့ သိန်း ၁၀၀ တောင်းတယ်။ အစ်မက ပိုက်ဆံ သုံးသိန်းသာရှိတယ်။ ဒီထက်ပိုမရှိဘူး။ လိုချင်ရင် ရွှေကိုသာ ယူချင်ယူသွားလို့ပြောလိုက်တယ်။ အဲ့ဒီမှာ သူတို့ မီးခံသေတ္တာယူပြီးတော့ ရွှေထည် ပစ္စည်းတွေယူသွားတယ်။ အစ်မတို့ကို ဘာမှလုပ် မသွားတော့ဘူး”လို့ ဓားပြတိုက်ခံရသူ ဒေါ်ချိုချိုမြင့်က ပြောပါတယ်။

ဓားပြတိုက်တဲ့သူတွေဟာ စုစုပေါင်းလေးယောက်ဖြစ်ပြီး အိမ်အောက်မှာ နှစ်ယောက်နဲ့ အိမ်ပေါ်ဓားနဲ့တက်လာတာက နှစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဓားပြတယောက်က ပုဆိုးဝတ်ထားပြီး အခြား တယောက်ကတော့ ဂျင်းဘောင်းဘီဝတ်ဆင်ထားကာ မျက်နှာဖုံးကို တခုလုံး ချုပ်ထားတာ မဟုတ်ဘဲ ပါးစပ်အပေါ်ဘက် မျက်လုံးတွေကို ဖွင့်ထားတယ်လို့ပြောပါတယ်။

ဓားပြတွေဟာ အသက်ကြီးပိုင်းတွေ မဟုတ်ဘဲ အသက် ၂၀ ကျော်လောက် ဖြစ်နိုင်တယ်လို့လို့ ဒေါ်ချိုချိုမြင့်ကပြောပါတယ်။

“အသက်ငယ်ခပ်ငယ်ငယ်လေးလို့ပဲ ထင်ရတယ်။ အစ်မတို့ကို သူတို့နှစ်ယောက်က မအော်နဲ့နော်၊ အော်တာနဲ့ ဓားနဲ့ထိုးသတ်လိုက်မယ်လို့ ခြိမ်းခြောက်လိုက်တယ်။ အစ်မလည်း မအော်ရဲတော့ဘူး။ သိန်း ၁၀၀ သာပေးလို့ပြောတယ်။ ဒီထက်ပိုမယူဘူးလည်း ပြောသေးတယ်။”

ငွေသုံးသိန်းနဲ့ ရွှေထည်ပစ္စည်းတွေ၊ စိန်နဲ့ ပလက်တီနန်နဲ့ ပြုလုပ်ထားတဲ့ဆွဲကြိုး၊ လက်စွပ်၊ နားကပ်၊ လက်ကောက် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၁၃၀ ကျော်လောက် အပါအဝင် ဖုန်းတလုံးနဲ့ မှတ်ပုံတင်တွေ၊ ဘဏ်စာအုပ်တွေပါသွားပါတယ်။

အဆိုပါ ဓားပြမှုနဲ့ ပတ်သက်ပြီး ကမ်းထောင်ကြီးနယ်မြေ ရဲစခန်းရဲအရာရှိတဦးက “ရွှေထည်ပစ္စည်းပျောက်ဆုံးသွားတဲ့ နေအိမ်ကို စစ်ဆေးချက်တွေ ယူလာပါတယ်။ ဘာပုဒ်မနဲ့ ဖွင့်ထားတယ်ဆိုတော့ ကျနော်လည်း အတိအကျမသိဘူး။ ”လို့ ပြောပါတယ်။

ဓားပြတိုက်ခံရသူဟာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး အခုလို ဓားပြတိုက်ခံရတာ ပထမဦးဆုံး အကြိမ်ဖြစ်ကာ ဓားမြတိုက်ခံရတာနဲ့ပတ်သက်လို့ ကမ်ထောင်းကြီး ရဲစခန်းမှာ  တိုင်ချက်ဖွင့်ထားပါတယ်။
သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013