DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အချို့ပျက်စီး
DVB
·
February 18, 2019
စစ်ကိုင်းတိုင်းတွင် မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အချို့ပျက်စီး
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်တချို့မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်တာနဲ့ မိုးသီးကြွေကျတဲ့အတွက် နေအိမ် အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ရရှိတဲ့စာရင်းတွေ အရ မနေ့ညနေပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ဒီပဲယင်းမြို့နယ်မှာ အိမ် ၉၂ လုံးအမိုးလန်ကာ ၁ လုံးပြိုလဲ၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာ နေအိမ် ၃၀ လုံးခန့်အမိုးလန်ခဲ့ပြီး ၃ လုံးပြိုလဲခဲ့ကာ ကောလင်းမြို့နယ်မှာလည်း နေအိမ်အလုံး ၃၀ ဝန်းကျင်လောက် အမိုးလန်တာရှိတယ်လို့ သိရပါတယ်။

အသေးစိတ်စာရင်းတွေကတော့ ကောက်ယူနေဆဲဖြစ်ပြီး ပုလဲ၊ ကန့်ဘလူ၊ ကလေး စတဲ့မြို့တွေမှာတော့ ထိခိုက်မှုမရှိခဲ့ပေမယ့် ကနီမြို့နယ်မှာတော့ စေတီအချို့ ထီးတော်၊ စိန်ဖူးတော်မြေခသွားပါတယ်။

စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် "လောလောဆယ် ရတဲ့ စာရင်းတွေအရ ထောက်ပံ့လို့ရတာကို အရင်ထောက်ပံ့မယ်။ ထောက်ပံ့တာကတော့ ပျက်စီးမှုအပေါ်မူတည်ပြီး ထောက်ပံ့သွားမှာပါ။ နေအိမ်ပြိုတာတွေ ကိုတော့ ၁ သိန်းစီထောက်ပံ့ပေးသွားမယ်။ စာရင်းအားလုံးမရသေးဘူး။ ကောက်ယူနေဆဲ ဖြစ်တယ်"လို့ ပြောပါတယ်။

အချိန်အခါမဟုတ် မိုးသက်လေပြင်းတိုက်တာ၊ မိုးသီးကြွေတာကြောင့် လူနေအိမ် အဆောက်အဦတွေအပြင် သီးနှံစိုက်ခင်းတွေလည်း ပျက်စီးခဲ့ပါတယ်။

အခုအချိန်က သရက်တွေ စတင်ပွင့်ဖူးနေချိန်ဖြစ်သလို ကြက်သွန်နုတ်ချိန်ဖြစ်လည်း ဖြစ်လို့ ဥယျာဉ်ခြံစိုက်ခင်းတွေ ထိခိုက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ စိုက်ပျိုးရေးဌာန ကတော့  သီးနှံပျက်စီးမှုနဲ့ပတ်သက်ပြီး သတင်းမရရှိသေးဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013