DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီခရီးစဉ်တွင် တိုင်ကြားစာပေါင်း ၂၇၀ ကျော်ရရှိ
DVB
·
February 18, 2019
ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီခရီးစဉ်တွင် တိုင်ကြားစာပေါင်း ၂၇၀ ကျော်ရရှိ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ်မှာ တိုင်ကြားစာပေါင်း ၂၇၀ ကျော်လက်ခံရရှိတယ်လို့ သက်ဆိုင်ရာ ခရိုင်အလိုက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေထံက သိရပါတယ်။

မြိတ်ခရီးစဉ်မှာ တိုင်ကြားစာ ၁၃၁ စောင် ၊ ကော့သောင်းခရိုင်အတွင်းမှာ တိုင်ကြားစာ ၇၀ နဲ့ ထားဝယ်ခရိုင်ခရီးစဉ်မှာ တိုင်ကြားစာ ၇၃ စောင်ရရှိခဲ့တယ်လို့ သက်ဆိုင်ရာ ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်မှ  ၁၅ ရက်အထိ တနင်္သာရီတိုင်းခရီးစဉ်မှာ မြိတ် ၊ ကော့သောင်းနဲ့ ထားဝယ်မြို့တွေကို သွားရောက်ခဲ့ပြီး ဆလုံလူမျိုးတွေနေထိုင်တဲ့ နေရာကိုလည်း နိုင်ငံတော်အတိုင်ပင်ခံက သွားရောက်ခဲ့ပါတယ်။

တိုင်ကြားစာတွေအားလုံးကို ဖတ်သင့်ဖတ်ထိုက်သူတွေက ဖတ်ပြီး ခြုံငုံတင်ပြတဲ့ အချက်လက်တွေကို သက်ဆိုင်ရာအစည်းဝေးတွေမှာ ဆုံးဖြတ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ အခုလို ခရီးတွေသွားလာနေရတာဟာ သက်ဆိုင်ရာ တိုင်းအစိုးရနဲ့ ပြည်သူတွေကြား နီးစပ်မှုရှိအောင် ပြည်သူတွေရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်အောင် လာရောက်ရတာလို့ ပြောပါတယ်။

ခရီးစဉ်အတွင်း တနင်္သာရီတိုင်း အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နဲ့ တိုင်းစီးပွားရေးနဲ့ စီမံဘဏ္ဍာဝန်ကြီးတို့ကို ဖယ်ရှားပေးဖို့ လူထုဆန္ဒပြတာတွေလည်းရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ တနင်္သာရီတိုင်း ခရီးစဉ်လာရောက်ရတာဟာ တိုင်း အစိုးရအဖွဲ့ကို ဆုံးမဖို့ဖြစ်တယ်လို့ လူထုတွေ့ဆုံပွဲမှာပြောကြားခဲ့ပါတယ်။

အောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013