DVB Logo
Home
မြန်မာသတင်း
ခန္တီးမြို့သင်္ကေတအဖြစ် အလေးချိန် ၃ တန်ကျော် ကျောက်စိမ်းတုံးကြီးထားရှိ
DVB
·
February 18, 2019
ခန္တီးမြို့သင်္ကေတအဖြစ် အလေးချိန် ၃ တန်ကျော် ကျောက်စိမ်းတုံးကြီးထားရှိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရတနာနယ်မြေဖြစ်တဲ့ ခန္တီးမြို့မှာ မြို့ရဲ့သင်္ကေတအဖြစ် အလေးချိန် ၃ တန်ကျော်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ထားရှိလိုက်ပါတယ်။

အဆိုပါ ကျောက်စိမ်းတုံးကို ကျောက်မျက်ဌာနက ကုမ္ပဏီတွေကနေတဆင့် အလှူခံထားပြီး ခန္တီးမြို့မှာ ထားရှိဖို့ ပြန်လည်ပေးအပ်ထားတယ်လို့ သိရပါတယ်။

ခန္တီးမြို့၊ မြို့မရပ်ကွက် ကမ်းနားလမ်း မဉ္ဇူပန်းခြံမှာ ၃ တန်ကျော်ရှိတဲ့ ကျောက်စိမ်းတုံးကို ထားရှိပြီး ပန်းခြံနဲ့မျက်စောင်းထိုးရှိ မြို့မဘုန်းကြီးကျောင်းအတွင်းမှာ ၄ တန်ကျော်ရှိ ကျောက်စိမ်းတုံးကို ထားရှိမယ်လို့ ခန္တီးမြို့နယ် စည်ပင်ဥက္ကဋ္ဌ ဦးဘကြိုင်က  ပြောပါတယ်။

“အကောင်းစားကြီးတော့ မဟုတ်ပါဘူး။ အညံ့စားပါပဲ။ ဒါပေမယ့် ကျနော်တို့ နယ်မြေမှာ ကျောက်စိမ်းထွက်ခဲ့ပါတယ်ဆိုတဲ့ သဘောအနေနဲ့ပါပဲ။ နှစ်တုံးစလုံးကြတော့လည်း ကျနော်တို့ ဘတ်ဂျက်အနေအထားအရ အဆင်မပြေတဲ့အတွက် ပန်းခြံထဲမှာထားမယ့် တတုံးကိုတော့ ကျနော်တို့လုပ်နေပါတယ်။ မြို့မကျောင်းထဲထားမယ့် အတုံးကတော့ ဆရာတော်က အလှူငွေနဲ့လုပ်မယ်"

အခုလို ကျောက်စိမ်းတုံးထားရှိတယ်ဆိုတာ ကျနော်တို့ ခန္တီးမြို့မှာ ကျောက်စိမ်း ထွက်ခဲ့တယ်ဆိုသိအောင်လို့ နောက်ဆိုကျောက်စိမ်းတွေ ပျောက်ကွယ်သွားခဲ့ရင် သမိုင်းတခု ကျန်အောင်ထားရှိတာလို့လည်း ဦးဘကြိုင်က ပြောပါတယ်။

အဆိုပါ ကျောက်စိမ်းတုံးအတွက်  ကုမ္ပဏီတွေက နိုင်ငံတော်ကို ကျပ် ၂၈ သိန်းအခွန်ဆောင်ထားပါတယ်။

လက်ရှိမှာ ကျောက်စိမ်းတုံးထားရှိမယ့် ပန်းခြံအတွင်းမှာ အောက်ခြေခုံအပေါ်မှာ ကြာပန်းပုံကလပ်ထားရှိပြီး ကလပ်အပေါ်မှာ ကျောက်စိမ်းတုံးကို တင်ထားပါတယ်။

အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013