DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တော်အမှိုက်ကင်းစင်ရေး လှုပ်ရှားမှုမှ ကလေးငယ်များ၏ အက (ရုပ်သံ)
DVB
·
February 18, 2019
ရန်ကုန်မြို့တော်အမှိုက်ကင်းစင်ရေး လှုပ်ရှားမှုမှ ကလေးငယ်များ၏ အက (ရုပ်သံ)
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုနဲ့ ၂၂ ကြိမ်မြောက် Clean Yangon ကမ်ပိန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကပန်းဆိုးတန်းဆိပ်ကမ်းတ၀ိုက်နဲ့ ဒလ မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီကမ်ပိန်းမှာတော့ ကလေးငယ်တွေရဲ့ အကအလှတွေနဲ့အတူ စုပေါင်းအမှိုက် ကောက်တာတွေ၊ အများပြည်သူကို အသိပညာပေးလှုံ့ဆော်တာတွေစတဲ့ လှုပ်ရှားမှု တွေကို စည်ပင်ဝန်ထမ်းတွေ၊ ပရဟိတအသင်းအဖွဲ့တွေ၊ စိတ်ဝင်စားတဲ့ ပြည်သူတွေ နဲ့အတူ ၀ိုင်းဝန်းပါဝင်ခဲ့ကြတာပါ။

Clean Yangon ကမ်ပိန်းဟာ လူစည်ကားရာနေရာတွေမှာ တလတခါ လစဉ် ပြု လုပ်တာဖြစ်ပြီး ရန်ကုန်မြို့တော်ကို သာယာလှပစေလိုတဲ့ ဘယ်သူမဆို ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အဓိက ဖြစ်ပွားနေတဲ့ စည်ကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ လျော့နည်းပ ပျောက်လာစေရန်၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းစေရန်၊ မိမိ နေထိုင်ရာ မြို့တော်များ သန့်ရှင်းသာယာလှပလာစေဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့မှ ပရဟိတအသင်း တွေ၊ ပရဟိတကို စိတ်ဝင်စားသူတွေ အနုပညာရှင်တွေကို စုစည်းပြီး အသိပညာပေး လုပ်ငန်းတွေကို အဓိက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Clean Yangon Campaign ကို ၂၀၁၇ ခုနှစ်၊ မေလ (၁၀) ရက်နေ့မှ စတင်ခဲ့ကာ လက်ရှိအချိန်ထိ ပရဟိတ အသင်းပေါင်း (၅၀) နီးပါးမှ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013