DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးမည့်အဖွဲ့ ဖွဲ့စည်း
DVB
·
February 17, 2019
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးမည့်အဖွဲ့ ဖွဲ့စည်း
Donate to DVB

လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီလမ်းစဉ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်တွေမှာ ကြားဝင်ဆောင်ရွက်ပေးနိုင်မယ့် အဖွဲ့တဖွဲ့ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။

“ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့” လို့ နာမည်ပေးထားတဲ့ အဲဒီအဖွဲ့ကို ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ မြို့နယ် က ကိုယ်စားလှယ်ပေါင်း ၅၀ ကျော်က ဖေဖော်ဝါရီ ၁၆ ရက်နေ့ စစ်တွေမြို့ ရွှေသဇင်ဟိုတယ်မှာတွေ့ဆုံ ဖွဲ့စည်းခဲ့ကြတာပါ။

လက်ရှိ စစ်ပွဲနယ်မြေတွေက အရပ်သားတွေကို ဖမ်းဆီးတာ၊ ဒုက္ခသည်တွေကို အပြည့်အဝ ကူညီထောက်ပံ့မှုတွေ မလုပ်ပေးတဲ့အပြင် ကူညီဆောင်ရွက်သူတွေကို တားမြစ်တာတွေကိုလည်း အစိုးရအနေနဲ့ ဆက်ပြီးလုပ်နေမယ်ဆိုရင် ပိုပြီးတော့ မငြိမ်းချမ်းမှုတွေ ဖြစ်လာနိုင်တဲ့အတွက် အဲဒီကိစ္စတွေကိုလည်း သက်ဆိုင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းသွားမယ်လို့ အဖွဲ့ဝင်တွေကပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းတာ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်တာ၊ နိုင်ငံခြားအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ စတာတွေကို လိုအပ်သလို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတို့ ဒီကနေ့ မနက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နွားတင်းကုတ်ကျေးရွာအနီးမှာ မိနစ် ၂၀ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိတပ်မတော်တို့ နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြို့နယ် လေးမြို့နယ်မှာ စစ်ဘေးသင့်သူတွေ ၆၀၀၀ ကျော်ရှိနေပြီး အချို့နေရာတွေမှာ ရိက္ခာတွေ သယ်ဆောင်ခွင့် တပ်မတော်ကတားမြစ်ထားတယ်လို့ ရခိုင်လူမှုကယ်ဆယ်ရေး အဖွဲ့တွေကပြောပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013