DVB Logo
Home
မြန်မာသတင်း
အလုပ်သမားဥပဒေပြင်ဆင်ရာတွင် အလုပ်သမားဆန္ဒသဘောထား ပါဝင်ရေး ဆန္ဒပြ
DVB
·
February 17, 2019
အလုပ်သမားဥပဒေပြင်ဆင်ရာတွင် အလုပ်သမားဆန္ဒသဘောထား ပါဝင်ရေး ဆန္ဒပြ
1 / 3
Donate to DVB

အလုပ်သမား ဥပဒေ​တွေပြင်ဆင်တဲ့အခါ အလုပ်သမားထုရဲ့ ဆန္ဒသဘောထား​တွေပါဝင်​ဖို့ မန္တလေးမြို့ ပြည်​ကြီးတံခွန်​မြို့နယ်​မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်​က အလုပ်သမား ၇၀၀ ​ကျော်​က ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။

အလုပ်သမားရေးရာ ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) နဲ့ အလုပ်သမားအဖွဲ့အစည်းဥပဒေ​တွေကို ဒုတိယအကြိမ် ပြင်ဆင်ခဲ့တဲ့ ဥပဒေ (မူကြမ်း)​တွေမှာ အလုပ်သမားထုရဲ့ အသံများပါဝင်စေရေး နိုင်ငံ့ဝန်ထမ်း​တွေကို အလုပ်သမားအဖြစ် သတ်မှတ်ပေးရေး၊ ထိရောက်တဲ့ ပြစ်ဒဏ်​တွေ ထည့်သွင်းပေးရေး စတဲ့အချက်​​တွေကို တောင်းဆိုခဲ့ကြပါတယ်​။

မြန်​မာနိုင်​ငံ စက်​မှုလက်​မှုနဲ့ ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံ အလုပ်​သမားများ သမဂ္ဂအဖွဲ့ချုပ်​က လက်ထောက်အတွင်းရေးမှူး (၁) ကိုနေလင်းအောင်က “ကျနော်တို့ ရန်ကုန်မှာလည်း တောင်းဆိုပြီးပြီ၊ ခုမန္တလေးမှာ ဆက်လက်တောင်းဆိုတာ ဖြစ်တယ်။ အလုပ်သမား ဥပဒေတွေမှာ အလုပ်သမားအသံတွေ မပါတာရယ်၊ အလုပ်သမား ခေါင်းဆောင်တွေ အလုပ်ထုတ်ခံရမှု နှုန်းထား​တွေ မြင့်တက်​လာတာရယ်တွေကြောင့် အခုလို ဆန္ဒပြတောင်းဆိုရတာ​” လို့ ​ပြောပါတယ်​။

ဆန္ဒပြ​အလုပ်​သမား​တွေကို ပြည်​ကြီးတံခွန်​၊ ချမ်းမြသာစည်​၊ မဟာ​အောင်​​မြေမြို့နယ်​က မြို့နယ်​ရဲတပ်​ဖွဲ့မှူး၊ မြို​နယ်​အုပ်​ချုပ်​​ရေးမှူးနဲ့ တာဝန်​ရှိသူများက တားမြစ်​ခဲ့​ပေမယ့် ဆက်​လက်​ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။

“ကျ​နော်​တို့က သက်​ဆိုင်​ရာကို ငြိမ်းစုစီတင်​ခဲ့ပါတယ်​။ ဒါ​ပေမယ့် ​ဒေသန္တရဥပ​ဒေအရ ခွင့်မပြုဘူးတဲ့။ ကျ​နော်​တို့အလုပ်​သမားတွေ မြို့နယ်​တိုင်းမှာရှိ​နေတယ်၊ အများအပြား အလုပ်​ဖြုတ်​ခံထားရတယ်။ ​အလုပ်​ဖြုတ်​ခံရတာကလည်း သမဂ္ဂအဖွဲ့ဝင်​​တွေချည်းပါပဲ။ အမျိုးသားဒီမိုက​ရေစီ အစိုးရလက်​ထက်​မှာ အလုပ်​သမားသမဂ္ဂအဖွဲ့ချုပ်​​ခေါင်း​ဆောင်​​တွေ အလုပ်​ထုတ်​ခံရတဲ့နှုန်းထားက အင်​မတန်​မှ မြင့်​တက်​လာပါတယ်​။ ဒါ​တွေကို​လည်း​ ပြေလည်​​အောင် ​​ဖြေရှင်းမ​ပေးနိုင်​ဘူး။ ဒါ​​ကြောင့် အခုလိုဆန္ဒပြ​တောင်းဆိုရတာဖြစ်​တယ်” ​လို့ မြန်​မာနိုင်​ငံစက်​မူလက်​မှုနဲ့ ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံ အလုပ်​သမားသမဂ္ဂ အ​ထွေ​ထွေ အတွင်း​ရေးမှူးချုပ် ​ကိုသက်​နှင်း​အောင်​က ​ပြောပါတယ်​။

အလုပ်သမားတရားရုံးများပေါ်ပေါက်ရေး၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းရေး၊ နိုင်ငံ့ ဝန်ထမ်းများအား အလုပ်သမားအငြင်းပွာမှု ဥပဒေတွင် ထည့်သွင်းရေး၊ အလုပ်သမား ဥပဒေများကို ILO စံနှုန်းနဲ့အညီ ပြင်ဆင်ရေး၊ မန္တလေးတိုင်းအတွင်း အလုပ်သမားဝန်ကြီး ခန့်အပ်ပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ပြည်​ကြီးတခွန်​မြို့နယ်​ ၆၂လမ်း​အေးသုခလမ်းက​နေပြီး ချမ်းမြသာစည်​နဲ့ မဟာ​အောင်​​မြေမြို့်​နယ်​တို့ကိုဖြတ်​ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

ခွင့်ပြုမိန့်မရဘဲ လမ်း​လျှောက်​​ဆန္ဒပြ​တောင်းဆိုခဲ့ကြတဲ့ ​ခေါင်းဆောင်​ ၇ ​ဦးဖြစ်​တဲ့ ကိုသက်​နှင်း​အောင်​၊ ကို​နေလင်း​အောင်​ ကိုတင့်ရှိန်​စိုး၊ ​ဒေါ်စုစုနိုင်​၊ ​မစိုး၊ စန္ဒမြင့် ​ဒေါ်ဖြိုးစန္ဒာစိုး ဦးသူရ တို့ကို ငြိမ်းစုစီပုဒ်​မ (၁၉)နဲ့ အမှုဖွင့်အ​ရေးယူသွားမယ်​လို့ မန္တ​လေးခရိုင်​ရဲတပ်ဖွဲ့မှူး ဦးမျိုး​အောင်​က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013