DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ကို ကယ်တင်စို့ ခေါင်းစဉ်ဖြင့် စုပေါင်းအမှိုက်ကောက်
DVB
·
February 17, 2019
ချင်းတွင်းမြစ်ကို ကယ်တင်စို့ ခေါင်းစဉ်ဖြင့် စုပေါင်းအမှိုက်ကောက်
1 / 10
Donate to DVB

ချင်းတွင်းမြစ်ကို ကယ်တင်စို့ ခေါင်းစဉ်နဲ့ ချင်းတွင်းမြစ်နေရာအချို့မှာ အမှိုက်ကောက်တာ၊ မြစ်ထဲနှင့် အနီးဝန်းကျင်မှာ အမှိုက်မပစ်ဖို့ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ မုံရွာတက္ကသိုလ်၊ ချင်းတွင်းမြစ်ဝှမ်း အဖွဲ့အစည်း (CRBO) တို့ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

“၂၀၁၄-၁၅ ကတည်းက စလေ့လာခဲ့တာ။ ရေတွေဘာတွေ တိုင်းကြည့်တဲ့အခါ ချင်းတွင်းမြစ်က အရင်လိုမသန့်တော့ဘူး။ ရွှေသတ္တုတူးဖော်တာတွေ၊ သစ်ခုတ်တာတွေကနေ မြစ်ချောင်းအင်းအိုင်တွေ တိမ်ကောလာတယ်။ ဆိုင်ယန်နိုက်တွေကြောင့် သောက်သုံးဖို့ မသင့်တော့တဲ့ အနေအထားဖြစ်လာတယ်။ ဒီအချိန်မှ ချင်းတွင်းမြစ်ရဲ့ ကျန်းမာရေးကို မစောင့်ရှောက်ရင် မကြာတော့တဲ့ နောက်ပိုင်းမှာ ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက်သာ သုံးလို့ရတော့မယ်။ ဒါကြောင့် အခုလို လှုပ်ရှားမှုကို ချင်းတွင်းမြစ်ဝှမ်းအဖွဲ့အစည်းရဲ့ တာဝန်တခု အနေနဲ့ ဆောင်ရွက်တာပါ” လို့ မြန်မာ့ဝန်းကျင်သိပ္ပံမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကြည်က ပြောပါတယ်။

ချင်းတွင်းမြစ်က မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးမြစ်ဖြစ်ပြီး ဧရာဝတီရဲ့ အဓိက မြစ်လက်တက်တခုလည်း ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဝှမ်းမှာ ဇီဝမျိုးစုံမျိုးကွဲ ၁၀၀ ကျော် ရှင်သန်နေထိုင်ကျက်စားနေကြပါတယ်။ ဒါ့အပြင် ငါးသယံဇာတကလည်း ရှော့ခ်တိုက်ဖမ်းဆီးတာတွေကြောင့် မျိုးမပွားနိုင်တော့ဘဲ တဖြည်းဖြည်း လျော့နည်းလာတဲ့အတွက် ရှော့ခ်တိုက်ဖမ်းဆီးတာတွေကိုလည်း ထိထိရောက်ရောက်လိုအပ်နေပြီလို့ ဆိုပါတယ်။

တချို့ဇီဝမျိုးစိတ်တွေဆို မျိုးတုံးတော့မယ့်အနေအထားထိ အကောင်ရေ ဆယ်ဂဏန်း လောက်သာ ရှိတော့တယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်မှာ မျိုးတုံးပျောက်ကွယ်တော့မယ့် မျိုးစိတ်ပေါင်း ၃၈ မျိုးလည်း ချင်းတွင်းမြစ်ဝှမ်းမှာ တွေ့ရှိရတာကြောင့် အဓိကထိန်းသိမ်းသင့်တဲ့ နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာ့ဝန်းကျင်သိပ္ပံ၊ စတော့ဟုမ်း ဝန်းကျင်သိပ္ပံတို့က တာဝန်ရှိသူတွေ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်သူတွေ၊ ဌာနဆိုင်ရာတွေ၊ ချင်းတွင်းမြစ်ဝှမ်းအဖွဲ့အစည်းက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013