
ရခိုင်ပြည်နယ် မြောက်ဦးမြို့ လော်ကမူရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်လောက်က နေအိမ်အတွင်း မီးဖိုမီးကြွင်းမှတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့လို့ နေအိမ် ၁၄ လုံး ဆုံးရှုံးခဲ့ရပါတယ်။
မြောက်ဦးမြို့နယ်၊ လော်ကမူရပ်ကွက်နေ ဒေါ်ခိုင်ခိုင်ဝင်း ရဲ့ နေအိမ်တွင်း မီးဖိုမီးကြွင်း မီးကျန်မှ တဆင့်အနီးရှိ ဝါးထရံကို မီးပွားကူးစက်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။
မြောက်ဦးမြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစံထွန်း ဦးဆောင်ပြီး သန္ဓေတပ်ဖွဲ့ဝင် ၃၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ စုစုပေါင်း ၅၀ ဦးနဲ့ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ စုစုပေါင်း(၅)စီးဖြင့်၊ သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မီးဘေးဒုက္ခသည်တွေကို လောကမာန်အောင်ဘုရားသိမ်မှာ ယာယီနေရာချထားတယ်လို့ သိရပါတယ်။











