DVB Logo
Home
မြန်မာသတင်း
ညောင်ပင်သာမြို့၌ တပ်မတော်သားအယောင်ဆောင် လိမ်လည်သူ ၁ ဦး ဖမ်းမိ
DVB
·
February 17, 2019
ညောင်ပင်သာမြို့၌ တပ်မတော်သားအယောင်ဆောင် လိမ်လည်သူ ၁ ဦး ဖမ်းမိ
Donate to DVB

ပဲခူးတိုင်း ညောင်ပင်သာမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက တပ်မတော်သား အယောင်ဆောင်သူတဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးနေတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ညောင်ပင်သာဖွံ့ဖြိုးရေးကွက်သစ်ရှိ နေအိမ်တအိမ်မှာ (စရဖ) မှ ဗိုလ်ကြီးအဆင့်ရှိသူတဦး ရောက်ရှိနေတာ ၁၀ ရက်လောက် ရှိနေပြီဖြစ်ပြီး ပတ်ဝန်းကျင်နေ ပြည်သူတွေက မသင်္ကာတဲ့အတွက် သတင်းပေးတိုင်ကြားတာကြောင့် စစ်ဆေးခဲ့ရာ တပ်မတော်သား အယောင်ဆောင်ပြီး လိမ်လည်နေတာ ပေါ်ပေါက်ခဲ့တာလို့ ပြောပါတယ်။

“စရဖကဗိုလ်ကြီးဆိုပြီး ရောက်လာတာ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တူမနဲ့ ရင်းနှီးတယ်၊ ရွာလမ်းမကောင်းတာတွေ တင်ပြပေးမယ်ဆိုပြီး ဓာတ်ပုံတွေရိုက်တယ်။ ရွာက မသင်္ကာလို့ လာတိုင်လို့ခေါ်စစ်တော့ အယောင်ဆောင်တာလို့သိရတယ်။ ဒီလိုအယောင်ဆောင်ပြီး လိမ်ခဲ့တာ ၈ ကြိမ်ရှိပြီလို့လည်း သိရတယ်။ အခုတော့ထပ်ပြီး စစ်ဆေးမှုတွေပြုလုပ်နေပါတယ်”လို့ ညောင်ပင်သာ(နယ်မြေ) ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူကပြောပါတယ်။

တပ်မတော်သားအယောင်ဆောင်သူ သက်ပိုင်ဦး (ခ) သက်ပိုစိုးကို ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရာဇသတ်ကြီးပုဒ်မ ၁၄၀ နဲ့ အမှုဖွင့် စစ်ဆေးတာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013