DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ၅ မြို့နယ်​တွင် စီမံချက်​ဖြင့် တရားမဝင်​သစ်​များ ​ဖော်​ထုတ်​ဖမ်းဆီး
DVB
·
February 17, 2019
ရှမ်းပြည်နယ် ၅ မြို့နယ်​တွင် စီမံချက်​ဖြင့် တရားမဝင်​သစ်​များ ​ဖော်​ထုတ်​ဖမ်းဆီး
1 / 5
Donate to DVB

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်​၊ တာချီလိတ်​၊ ကျိုင်းတုံမြို့နယ် အတွင်းမှာ သစ်​​တောဦးစီးဌာနနဲ့ တပ်​မ​တော်​စစ်​​ကြောင်းများ ပူး​ပေါင်းကာ ၅ မြို့နယ်​စီမံချက်​နဲ့ တရားမဝင်​သစ်​ ​ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။

"မြို့နယ် ​ငါးခုက သစ်​​တောဝန်​ထမ်း​တွေနဲ့ တပ်​မ​တော်​လုံခြုံ​ရေးစစ်​​ကြောင်း​တွေ ပူး​ပေါင်းပြီး ဖြန့်​ခွဲရှာ​ဖွေ​ ဖော်​ထုတ်​ခဲ့ကြတာပါ။ လော​လောဆယ် ​မိုင်းဆတ်​မြို့နယ်​အတွင်းက​နေ စစ်​​ကြောင်း ၂ ကြောင်းက​ နေရာသုံး​နေရာက​နေ သစ်​တင်​ ၆ ဘီးယာဉ်​တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ရှိပါတယ်​။ ဆက်​လက်​ရှာ​ဖွေမှုတွေလည်း လုပ်​​နေပါတယ်” လို့ ဖမ်းဆီးရာမှာ ပါဝင်​ခဲ့တဲ့ သစ်​​တောဝန်​ထမ်း ​တောအုပ်​တဦးက​ ပြောပါတယ်​။

မိုင်းဆတ်​မြို့နယ်​​ချောင်းဆုံ (၁၀မိုင်​) ရွာမှာ ပိ​တောက်​ စကွဲယား ၅၂ တုံးနဲ့ သစ်​လုံး ၁ ​လုံး၊ နားလည်​ရွာအနီး​ တောအုပ်​အတွင်းမှ ပိ​တောက်​စကွဲယား ၁၀၅ တုံး၊ ဘာထန်​​ကျေးရွာအနီးမှ ပိုင်ရှင်မဲ့ ၆ ဘီးယာဉ်နဲ့အတူ ပိ​တောက်​စကွဲယား ၆၉ တုံးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆတ်​မြို့နယ်​ သစ်​​တောဦးစီးဌာနဦးစီးအရာရှိ ဦးသန်းနိုင်​က ၆ ဘီးယာဉ်​နဲ့အတူ ဖမ်းဆီးရမိတဲ့ ပိ​​တောက်​သစ်​စကွဲယား ၂၂၅ တုံးနဲ့ သစ်​လုံး ၁ ​လုံးအပါအဝင်​ စုစု​ပေါင်းသစ်​တန် ​၂၅ ဒဿမ ၄၅၇ တန်​ကို မိုင်းဆတ်​မြို့နယ် ​သစ်​​တောဦးစီးဌာနဝန်းအတွင်း သယ်​​ဆောင်​ထားရှိပြီး သစ်​​တောဥပ​ဒေအရ အမှုဖွင့်လှစ်​နိုင်​​ရေး​ဆောင်​ရွက်​​နေတယ်လို့ ပြောပါတယ်​။

အောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013