DVB Logo
Home
မြန်မာသတင်း
မင်းဘူး ထနောင်းကျေးရွာ ပလတ်စတစ်ကင်းစင် စံပြကျေးရွာဖြစ်ရေး ဆောင်ရွက်နေ
DVB
·
February 17, 2019
မင်းဘူး ထနောင်းကျေးရွာ ပလတ်စတစ်ကင်းစင် စံပြကျေးရွာဖြစ်ရေး ဆောင်ရွက်နေ
1 / 6
Donate to DVB

မင်းဘူး(စကု) မြို့နယ်​ ထ​နောင်း​တော​ကျေးရွာမှာ ​ပလတ်​စတစ်​ကင်းစင်​ စံပြ​ကျေးရွာအဖြစ်​​ ကိုယ်​ထူကိုယ်​ထ စု​ပေါင်း​ဆောင်​ရွက်​နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထ​နောင်း​တော​ကျေးရွာ ဂရုဏာ (အခမဲ့) လူမှုကူညီ​ရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းထက်​​ဝေက "​ထ​နောင်း​တော​ကျေးရွာကို ပလတ်စတစ်​ ကင်းစင်​စံပြ​ကျေးရွာတရွာဖြစ်​ဖို့ စု​ပေါင်းအားနဲ့ ကြိုးပမ်း​ဆောင်​ရွက်​​နေပါတယ်​။ ​တနင်္ဂ​နွေ​နေ့တိုင်း ရွာသူရွာသား​တွေ စု​ပေါင်းပြီးအမှိုက်​​ကောက်​ သန့်​ရှင်း​ရေးပြုလုပ်​တယ်​။ အမှိုက်​စနစ်​တကျ စွန့်​ပစ်​နိုင်​ဖို့အတွက်​ ​ကျေးရွာ အတွင်းမှာ အမှိုက်​ပုံး​ ၄၀ လောက်ထား​ပေးတယ်​။ ပလပတ်စတစ်​ကင်းစင်​ စံပြ​ကျေးရွာ တရွာဖြစ်​ဖို့ ကိုယ်​ထူကိုထ ကြိုးပမ်း​နေပြီး ​အောင်​မြင်​မယ်​လို့ ယုံကြည်​တယ်​" လို့​ပြောပါတယ်​။

အဲ့ဒီ လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁၃ ရက်ကစတင်ပြီး ဆောင်ရွက်နေတာပါ။ အဲ့ဒီ ထ​နောင်​​တော​ကျေးရွာမှာ အိမ်​​ခြေ ၂၁၀ ရှိပြီး လူဦး​ရေ ၉၀၀ ​ကျော်​​ နေထိုင်​ကြပါတယ်။

အဲဒီကျေးရွာမှာ ကိုယ်ထူကိုယ်ထ လမ်းခင်းတာတွေနဲ့ အသိပညာတွေ တိုးပွားစေဖို့ နားမျက်စိ စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထားပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013