DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အိမ်စီးကားတိမ်းမှောက်၊ ၂ ဦးသေဆုံး
DVB
·
February 16, 2019
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အိမ်စီးကားတိမ်းမှောက်၊ ၂ ဦးသေဆုံး
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ အိမ်စီးကားတစီး တိမ်းမှောက်တာကြောင့်  ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၂၈၇/၃ နှင့် ၄ အကြားမှာ ဖေဖော်ဝါရီ ၁၅ ရက် ညနေက အိမ်စီးကားတစီး အရှိန်မထိန်းနိုင်ဘဲ တပတ်လည် တိမ်းမှောက်ခဲ့တာလို့ သီးကုန်းအမြန်လမ်းရဲတပ်ဖွဲ့က ပြောပါတယ်။

သီကုန်းအမြန်လမ်းရဲစခန်းတာဝန်ကျရဲအရာရှိက "ကားပေါ်မှာ ယာဉ်မောင်းအပါ ၅ ဦး လိုက်လာတယ်။ ဘုန်းတော်ကြီးတပါး ပျံလွန်တော်မူတယ်၊ အမျိုးသမီးတဦး သေဆုံးတယ်။ ကျန် ၃ ဦးဖြစ်တဲ့ ယာဉ်မောင်းနဲ့ အမျိုးသမီး ၂ ဦး တို့ ဒဏ်ရာတွေရကြတယ်၊ စိုးရိမ်စရာမရှိပါဘူး။ တပ်ဖွဲ့ပိုင်ကားနဲ့ပဲ မိတ္ထီလာဆေးရုံ ပို့ပေးရတယ် ကားကတော့ ၅ သိန်းဖိုးလောက် ပျက်စီးမှူရှိမယ် ခန့်မှန်းတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ယာဉ်မောင်း အောင်ခိုင်စိုးအား ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ သာမန်ဒဏ်ရာရစေမှု၊ ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၇/၃၃၈ နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013