DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး စတစ်ကာကမ်ပိန်းနှင့်ဆိုင်းဘုတ်တင်ပွဲ နတ္တလင်းတွင် ကျင်းပ
DVB
·
February 16, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး စတစ်ကာကမ်ပိန်းနှင့်ဆိုင်းဘုတ်တင်ပွဲ နတ္တလင်းတွင် ကျင်းပ
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အခြေခံလုပ်သားတွေဦးဆောင်ပြီး စတစ်ကာကမ်ပိန်းနဲ့ ဆိုင်းဘုတ်တင်ပွဲတွေကို ပဲခူးတိုင်းဒေသကြီး နတ္တတလင်းမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို နတ္တလင်းမြို့က အခြေခံလုပ်သားတွေဖြစ်တဲ့ ဆိုက္ကားဆရာတွေက ဦးဆောင်ပါဝင်ခဲ့ကြပြီး ဒီအခြေခံဥပဒေကြောင့် ပြည်သူတွေ ဆင်းရဲနေရတာလို့ ဆိုက္ကားဆရာ ဦးတင်ထွန်းက ပြောပါတယ်။

စတစ်ကာကမ်ပိန်းနဲ့ ဆိုင်းဘုတ်တင်ပွဲကို ပြည်-ရန်ကုန်လမ်း ရထားလမ်းဘေး NLD ရုံးရှေ့ကနေ စတင်ခဲ့ပြီး အဲဒီကနေဆိုက္ကားအစီး ၁၅၀ နဲ့ ပြည်ရန်ကုန်လမ်းအတိုင်း ချီတက်ခဲ့ကြပြီး ပန်းခြံရှေ့မှာ ဆိုင်းဘုတ်တခုတင်ခဲ့ပြီး လမ်းသွားလမ်းလာတွေ ကားတွေ ဆိုင်ကယ်တွေကို ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး စတစ်ကာတွေ လိုက်လံကပ်ပေးခဲ့ကြပါတယ်။

“အခုအစိုးရက ပြည်သူ့အစိုးရဖြစ်ပြီး ပြည်သူကို ဗဟိုပြုတဲ့အစိုးရလည်း ဖြစ်ပါတယ်။ ဒီ ၂၀၀၈ အခြေခံဥပဒေကြီးကလည်း လူတစုစာကိုပဲ ချမ်းသာအဆင်ပြေနိုင်ပြီး လူအများစုအတွက် ဆင်းရဲတွင်းနက်နေတာကြောင့် ပြည်သူလက်မခံနိုင်တဲ့ ဒီဥပဒေတွေကို ပြည်သူတွေရဲ့အားနဲ့ပဲ ပြင်ဆင်ဖို့ လုပ်မယ်ဆိုတဲ့သဘောနဲ့ လုပ်တာ” လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်က ပြောပါတယ်၊

ဒီအခမ်းအနားကို နတ္တလင်းမြို့က ပရဟိတအဖွဲ့တွေ၊ ၈၈ ပွင့်လင်း၊ ကြက်ခြေနီအဖွဲ့ Heart to heart ပညာကျန်းမာစောင့်ရှောက်ရေးအဖွဲ့၊ ဆိုက္ကားဆရာများအဖွဲ့နဲ့ အန်အယ်လ်ဒီ ပါတီတို့ ပါဝင်ခဲ့ကြပါတယ်။

ဒီနေ့အခမ်းအနားမှာ ဒီမိုကရေစီစံနှုန်းမညီသော ၂၀၀၈ အခြေခံဥပဒေ ပြင်တင်ရေးဆွဲမှုကို ပြည်သူတရပ်လုံးမှ လက်ခံကြိုဆိုပါသည် ဆိုတဲ့ ဆိုင်းဘုတ် ၂ ခု ကို ပြည်ရန်ကုန်လမ်းနဲ့ ဗိုလ်ချုပ်လမ်းပေါ်တွေမှာ ဆိုက်ထူခဲ့ပြီး လူစည်ကားရာနေရာတွေမှာ စတစ်ကာတွေ ဝေငှခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က အန်အယ်လ်ဒီပါတီမှ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို  ဖွဲ့စည်းပေးဖို့ အရေးကြီးအဆိုတင်သွင်းခဲ့ပြီး ဒီအဆိုကို လွှတ်တော်က အတည်ပြုထားတဲ့အတွက် ပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013