
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဈေးအရှေ့ပြင်နယ်မြေ သြဇာခြံရပ်ကွက် မိတ္ထီလာ ကန်ပတ်လမ်းဘေးရှိ အမှိုက်ပုံပေါ်မှာ ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက ချက်ကြိုးတန်းလန်းနဲ့ သေဆုံးနေတဲ့ ကလေးအလောင်းတလောင်း စွန့်ပစ်ထားတာ တွေ့ရတယ်လို့ မိတ္ထီလာ အမှတ်(၂) ရဲစခန်းက ပြောပါတယ်။
မိတ္ထီလာအမှတ်(၂)ရဲစခန်း တာဝန်ကျ ရဲအရာရှိက “ကလေးမှာ ချက်ကြိုး တန်းလန်းပါနေတယ်။ မိန်းကလေးပါ။ ပြင်ပဒဏ်ရာ မရှိပါဘူး။ အဝတ်အစားတောင် မပါပါဘူး။ လာရောက်စွန့်ပစ်သူကို စုံစမ်းနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မိတ္ထီလာအမှတ်(၂)ရဲစခန်းမှာ စုံစမ်းနေဆဲ ကလေးလာစွန့်ပစ်သူအား ထောင်ဒဏ် ၂ နှစ် ကျနိုင်တဲ့ ကလေးအလောင်းကို တိတ်တဆိတ်ဖျောက်ဖျက်ခြင်း၊ ကလေးမွေးသည်ကို ထိန်ချန်ခြင်း ပုဒ်မ ၃၁၈ နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း











