DVB Logo
Home
မြန်မာသတင်း
စစ်ရှောင်များကို ပိုမိုကူညီပေးရေးအဆို ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု
DVB
·
February 16, 2019
စစ်ရှောင်များကို ပိုမိုကူညီပေးရေးအဆို ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု
Donate to DVB

တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင်ဒုက္ခသည်တွေကို လက်ရှိထက် ပိုမိုပြီး ကူညီထောက်ပံ့ပေးရေးအဆိုကို ရခိုပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

ဒီအဆိုကို မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းလိုက်တာပါ။

ရခိုင်ပြည်နယ် အစိုးရအနေနဲ့ စစ်ဘေးဒုက္ခသည်တွေအပေါ် တာဝန်ယူမှု အားနည်းနေတဲ့အတွက် လိုလိုလားလား လုပ်ကိုင်ဆောင်ရွက် ပေးဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုဖြစ်တဲ့ စားဝတ်နေရေး၊ ကျန်းမာရေး စတာတွေအပြင် စိတ်ပိုင်းဆိုင်ရာတွေကိုလည်း သာမန်အတိုင်းဖြစ်လာဖို့ ဆောင်ရွက်ပေးသင့်တယ်လို့ အဆိုရှင်က ပြောပါတယ်။

မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်တင်သွင်းလာတဲ့ အဲဒီအဆိုနဲ့ပတသက်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့တွေကိုလည်း ပိတ်ပင်ထားတာကြောင့် ဒုက္ခသည်တွေ အနေနဲ့ အကူအညီလိုအပ်နေမှာ မလွဲမသွေဖြစ်တယ်လို့ဆိုကာ ဘူးသီးတောင်မြို့နယ်အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံခဲ့ပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေကို လက်ရှိထက် ပိုမိုပြီး ကူညီထောက်ပံ့ပေးဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ရခိုပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိတာကြောင့် အတည်ပြုလိုက်လိုက်ပါတယ်။

ပြည်နယ်လွှတ်တော်က ရရှိထားတဲ့ စာရင်းတွေအရ စစ်ဘေးရှောင်ဦးရေဟာ ဘူသီးတောင်မှာ ၁၀၇၉ ဦး၊ ရသေ့တောင်မှာ ၆၅၁ ဦး၊ ပုဏ္ဏားကျွန်းမှာ ၉၃၇ ဦးနဲ့ ကျောက်တော်မြို့နယ်မှာ ၂၅၀၇ ဦး စုစုပေါင်း ၅၂၇၄ ဦးရှိပြီး လက်ရှိမှာလည်း တိုးပွားလာနေတယ်လို့ ဆို ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့နယ်လေးမြို့နယ်က ထွက်ပြေးလာကြတဲ့ စစ်ဘေးသင့်သူတွေဟာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်က ကယ်ဆယ်ရေးစခန်းတွေမှာ လက်ရှိအချိန်အထိ နေရပ်ကို မပြန်ရဲဘဲ စစ်ဘေးရှောင် ၇၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013