DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ် ၉ ဦးအမှု ဒီမောဆိုတရားရုံး ရုပ်သိမ်း
DVB
·
February 16, 2019
ကရင်နီလူငယ် ၉ ဦးအမှု ဒီမောဆိုတရားရုံး ရုပ်သိမ်း
Donate to DVB

ကရင်​နီသမိုင်းအ​ကြောင်းအမှန်​ပါ စာရွက်​​တွေကို ဖြန့်​​ဝေခဲ့လို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်​ကြီးပုဒ်​မ ၅၀၅ (ခ)( ဂ) နဲ့ တရားရင်​ဆိုင်​​နေရတဲ့ ကရင်​နီလူငယ်​ ၉ ဦးရဲ့ အမှုကို ဒီမောဆိုတရားရုံးက ဒီက​နေ့ ရုပ်​သိမ်း​ပေးလိုက်​ပါတယ်​။

ဗိုလ်​ချုပ်​​ကြေးရုပ်​ ကန့်​ကွက်​လှုပ်​ရှားလို့ တရားစွဲခံထားရတဲ့ ​​ကရင်​နီပြည်​လူငယ်​​တွေရဲ့ အမှုအားလုံးကို ရုပ်​သိမ်း​ပေးဖို့ ပြီးခဲ့တဲ့ ​၁၂ ရက်​​နေ့က ကယားပြည်​နယ်​အစိုးရအဖွဲ့နဲ့ ကရင်​နီပြည်​လူငယ်​များအင်​အားစု ကိုယ်​စားလှယ်​​တွေရဲ့ နှစ်​ဖက်​ညှိနှိုင်း သ​ဘောတူညီချက်​အရ အခုလို ပထမဦးဆုံး အမှုပြန်​လည်​ရုပ်​သိမ်း​ပေးခဲ့တာပါ။

ကရင်​နီလူငယ်​ ၉ ဦးဟာ ၂၀၁၈ ခုနှစ်​ ဇူလိုင်​လကတည်းက ရာဇသတ်​ကြီးပုဒ်​မ ၅၀၅ နဲ့ မြို့နယ်​ ၅ မြို့နယ်​မှာ တရားစွဲခံခဲ့ရတာဖြစ်​ပါတယ်​။

မြို့နယ်​ ၅ မြို့နယ်​ လှည့်​လည်​တရားရင်​ဆိုင်​ရတာ အဆင်​မ​ပြေတာ​ကြောင့်​ ကရင်​နီလူငယ်​တွေက စု​ပေါင်းတရားရင်​ဆိုင်​ဖို့ ကယားပြည်​နယ်​တရားလွှတ်​​တော်​ရုံးကို စာတင်​ခဲ့လို ဒီးမော့ဆိုမြို့နယ်​တရားရုံးမှာ စု​ပေါင်းတရားရင်​ဆိုင်​ခွင့်​ရရှိခဲ့ပါတယ်​။

နှစ်​ဖက်​ညှိနှိုင်း သ​ဘောတူညီချက်​အရ ပြည်​နယ်​အစိုးရဘက်​က ကရင်​နီလူငယ်​ ၉ ဦးရဲ့ ပုဒ်​မ ၅၀၅ အမှုကို ရုပ်​သိမ်း​ပေးခဲ့တာဆို​ပေမယ့်​ ငြိမ်းစုစီ ပုဒ်​မ ၁၉၊ ၂၀ နဲ့ တရားစွဲခံထားရတဲ့ လူငယ်​ ၄၀ ​လောက်​ရဲ့ အမှုကို​တော့ ပြန်​ရုပ်​သိမ်း​ပေးတာ မရှိ​သေးဘူးလို့ ဆိုပါတယ်​။

အခုလိုအမှုပြန်​ရုပ်​သိမ်း​ပေးတဲ့ ကရင်​နီလူငယ်​ ၉ ဦးဟာ ကယားပြည်​နယ်​ လွိုင်​​ကော်​၊ ဖရူဆို၊ ​ဖား​ဆောင်း၊ ​ဘော်လခဲနဲ့ ဒီး​မောဆိုမြို့နယ်​​တွေမှာ ကရင်​နီသမိုင်းအမှန်​ပါစာရွက်​​တွေကို ဖြန့်​​ဝေခဲ့လို့ ရာဇသတ်​ကြီးပုဒ်​မ ၅၀၅ ခ၊ ဂ နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ လူငယ်​​တွေဖြစ်​ပါတယ်​။

သတင်း- ​ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013