DVB Logo
Home
မြန်မာသတင်း
တရားခံကြည်လင်း(ခေါ်) ဖိုးထူးကို မသေမချင်းလည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရန်အမိန့်စာ
DVB
·
February 15, 2019
တရားခံကြည်လင်း(ခေါ်) ဖိုးထူးကို မသေမချင်းလည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရန်အမိန့်စာ
Donate to DVB

ရှေ့နေ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ကြည်လင်းအပါအ၀င် ၄ ဦးကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက  အမိန့်ချမှတ်မှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ဒုညွှန်ကြားရေးမှူး ဦးရဲလွင်က သတင်းသမားတွေကို အမိန့်စာပြန်လည်ဖတ်ပြခဲ့ပါတယ်။

“ဒီလူသတ်မှုမှာဆိုလို့ရှိရင် တရားခံကြည်လင်း(ခေါ်) ဖိုးထူး အပေါ်မှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) / ၃၄ အရ ပြစ်မှုထင်ရှားတွေ့ရှိရတဲ့အတွက်ကြောင့်မို့လို့ သေဒဏ်ကျခံစေရန်၊ ယင်းတရားခံအား မသေမချင်းလည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရန်၊ ဒါ့အပြင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) အရလည်း ပြစ်မှုထင်ရှားတွေ့ရှိရတဲ့အတွက်ကြောင့်မို့လို့ ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန်၊ ထောင်ဒဏ်ကနေပြီးတော့ ချုပ်ရက်တွေကို ထုတ်နုတ်ကျခံစေရန် တရားခံကြည်လင်း (ခေါ်) ဖိုးထူးနဲ့ပတ်သက်ပြီးတော့ အမိန့်ချမှတ်ပါတယ်။”

“ကျန် ၂ တရားခံ အောင်ဝင်းဇော်နဲ့ ပတ်သက်ပြီးတော့ သူဟာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) / ၃၄ အရ ပြစ်မှုထင်ရှားတွေ့ရှိရတဲ့အတွက်ကြောင့်မို့လို့ သေဒဏ်ကျခံစေရန်၊ ယင်းတရားခံအား မသေမချင်း လည်ပင်းကြိုးကွင်းစွတ်၍ သတ်စေရန် အမိန့်ချမှတ်ပါတယ်။ ”

နံပါတ် ၃ တရားခံဖြစ်တဲ့ ဇေယျာဖြိုးနဲ့ပတ်သက်ပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၂၀၁  အရ ပြစ်မှုထင်ရှားတွေ့ရှိရတဲ့အတွက် အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်ကျခံစေရန်၊ ထောင်ဒဏ်မှ ချုပ်ရက်များကို ထုတ်နုတ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

၎ တရားခံ အောင်ဝင်းထွန်းနဲ့ပတ်သက်ပြီးတော့ ၄င်းဟာဆိုလို့ရှိရင် ရာဇသတ်ကြီးပုဒ်မ ၂၁၂ အရ ပြစ်မှုထင်ရှားတွေ့ရှိရတဲ့အတွက်ကြောင့်မို့လို့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ် ကျခံစေရန်၊ ထောင်ဒဏ်မှ ချုပ်ရက်များကို ထုတ်နုတ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

ဒါကတော့ ဒီကနေ့ အထူးခုံရုံးက ချမှတ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ရာဇ၀တ်ကြီးမှုအမှတ် ၄၅ နဲ့ပတ်သက်ပြီးတော့ စီရင်ချက်အမိန့်မှာပါတဲ့ ပြစ်ဒဏ်တွေကို ကျနော့်အနေနဲ့ သတင်း ထုတ်ပြန်ခြင်းဖြစ်ပါတယ်။

နောက်တမှုဖြစ်တဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးရဲ့ ၂၀၁၇ ခုနှစ်ရာဝတ်ကြီးမှုအမှတ် ၄၆ မှာ တရားခံကြည်လင်း (ခေါ်) ဖိုးထူးအပေါ်မှာ လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (ဃ) နဲ့ ၁၉ (စ) တို့အရ အသီးသီးပြစ်မှုထင်ရှားတွေ့ရှိရတဲ့အတွက်ကြောင့်မို့လို့ ဒီပုဒ်မ တခုစီအတွက် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ပါတယ်။ ယင်ပြစ်ဒဏ် နှစ်ရပ်ကိုတော့ တပြိုင်နက် ကျခံစေရန် အထူးခုံရုံးကနေပြီးတော့ အမိန့်ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013