DVB Logo
Home
မြန်မာသတင်း
ဟောင်ကောင်ရုပ်ရှင်အဖွဲ့ယူလာသည့် သေနတ်ကျည်များ ရဲတပ်ဖွဲ့ထံ အပ်နှံထားရမည်
DVB
·
February 15, 2019
ဟောင်ကောင်ရုပ်ရှင်အဖွဲ့ယူလာသည့် သေနတ်ကျည်များ ရဲတပ်ဖွဲ့ထံ အပ်နှံထားရမည်
Donate to DVB

ဟောင်ကောင်က မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ရိုက်ကူးမယ့်  Line Walker(Operation Midnight Shadow) အက်ရှင်ဇာတ်ကားကို တိုင်းရင်းသားကျေးရွာမှာ စတင်ရိုက်ကူးနေပါတယ်။

ဇာတ်လမ်းမှာ တိုက်ခိုက်တဲ့ အခန်းတွေပါဝင်ပြီး ပစ်ခတ်ရာမှာ အသုံးပြုတဲ့ သေနတ်ကျည်တွေကိုတော့ သူတို့နိုင်ငံကနေ ယူဆောင်လာပြီး ရုပ်ရှင်ရိုက်ကူးတဲ့နေ့မှသာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ ထုတ်ယူရမှာဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးပြီးတာနဲ့ ရဲတပ်ဖွဲ့ကို ပြန်လည်အပ်နှံထားရမှာပါ။

ဒီရုပ်ရှင်ကားကို Shaw Brother ရုပ်ရှင်ကုမ္ပဏီကရိုက်ကူးတာဖြစ်ပြီး မြန်မာနိုင်ငံက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူတွေ၊ ရန်ကုန်မြို့တော်စည်ပင်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ပူးပေါင်း ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးမယ့် နေရာတွေဖြစ်တဲ့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ မဟာဗန္ဓုလပန်းခြံ၊ ဆူးလေဘုရားအနီးမှာ ရုပ်ရှင်ရိုက်ကူးနေစဉ်ကာလ အချိန်ပိုင်းလမ်းပိတ်ထားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက အသိပေးထားပါတယ်။

ဟောင်ကောင်  Line Walker(Operation Midnight Shadow) ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ရုပ်ရှင်မြှင့်တင်ရေးရုံးမှာ ကျင်းပပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013