DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် မောင်တောခရိုင်တွင် ဖွံဖြိုးရေးလုပ်ငန်းများကြန့်ကြာနေ
DVB
·
February 15, 2019
တိုက်ပွဲများကြောင့် မောင်တောခရိုင်တွင် ဖွံဖြိုးရေးလုပ်ငန်းများကြန့်ကြာနေ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ကျေးရွာတွေမှာ  တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာနေတယ်လို့  ခရိုင်အထွေထွေအုပ်ချုပ်ရေး ဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။

မောင်တောဒေသမှာ ပြန်လည်တည်ထောင်ရေးလုပ်ငန်းတွေနဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေကို အစိုးရက ကုသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR နဲ့  ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP တို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။

ဒါပေမယ့် လတ်တလော အေအေအဖွဲ့နဲ့ အာဆာအဖွဲ့တို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီလုပ်ငန်းစဉ်တွေ ယာယီရပ်နေပေမယ့် ဆက်လက်အကောင် အထည်ဖော်သွားမယ်လို့  မောင်တောခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောပါတယ်။

မြန်မာအစိုးရနဲ့ UNHCR၊ UNDP တို့အကြားလက်မှတ်ရေးထိုးထားတဲ့ MOU နားလည်မှု စာချွန်လွှာအရ မောင်တောခရိုင်အတွင်းကျေးရွာတွေမှာ လက်ရှိလိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစတာတွေအတွက် အသေးစိတ် စာရင်းကောက်ယူ နေပါတယ်။

UNDPအဖွဲ့ဟာ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းအားလုံးအတွက် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းတွေရရှိစေဖို့ UN Womenနဲ့ ပူးပေါင်းကာ ဂျပန်အစိုးရရဲ့ ရန်ပုံငွေနဲ့ လည်း ဆောင်ရွက်နေတာဖြစ်ပေမယ့် တိုက်ပွဲတွေ့ကြောင့် လုပ်ငန်းတွေ နှောင့်နှေး မှုနေရတာလည်း ဖြစ်ပါတယ်။

၂၀၁၉ ဇန်နဝါရီ ၄ ရက်က ဘူသီးတောင်မြို့နယ် မြောက်ပိုင်းက ရဲကင်းစခန်း ၄ ခုကို အေအေအဖွဲ့က တိုက်ခိုက်ခဲ့လို့  ရဲတပ်သား ၁၃ ဦး ကျဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက်ကလည်း မောင်တောမြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာအနီး  အာဆာအဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ကားကို ချောင်းမြောင်း တိုက်ခိုက်လို့ နယ်ခြားစောင့် ရဲတပ်သား တဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အခု ဖေဖော်ဝါရီ ၁၄ ရက်​ကလည်း မောင်ေ​တာမြောက်​ပိုင်း သုပဏ္ဏကကျေးရွာအနီး အာဆာအဖွဲနဲ့ တိုက်ပွဲဖြစ်လို့ ဒုရဲအုပ်တဦး ကျဆုံးသွားခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013