DVB Logo
Home
မြန်မာသတင်း
ဟောင်ကောင်ရုပ်ရှင်ကား ရန်ကုန်တွင်ရိုက်ကူးရန် မြို့ထဲလမ်းတချို့ပိတ်မည်
DVB
·
February 15, 2019
ဟောင်ကောင်ရုပ်ရှင်ကား ရန်ကုန်တွင်ရိုက်ကူးရန် မြို့ထဲလမ်းတချို့ပိတ်မည်
Donate to DVB

ဟောင်ကောင်အခြေစိုက်Shaw Brother ရုပ်ရှင်ကုမ္ပဏီက  "Line Walker-2 " ရုပ်ရှင်ကား မြန်မာပြည်မှာ လာရောက်ရိုက်ကူးမှာဖြစ်လို့ ရန်ကုန်မြို့တွင်းလမ်းတချို့ကို လမ်းပိတ်၊ လမ်းလွှဲမယ်လို့ ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ကြေညာပါတယ်။

ဇာတ်ကားရိုက်ဖို့ အစမ်းလေ့ကျင့်မယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိမဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ City Star ဟိုတယ်အထိနဲ့ ၁၈ ရက် မနက် ၆ နာရီကနေ မွန်းလွဲ   ၁ နာရီအထိ ကြားတောရလမ်း ရွှေတိဂုံဘုရား၊ အရှေ့ဘက်မုခ်က ရေတာရှည်လမ်းအထိ လမ်းပိတ်လမ်းလွှဲမှာဖြစ်ပါတယ်။

ဒါ့အပြင် ရိုက်ကူးမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မနက် ၆း၀၀ နာရီမှ ညနေ ၆ နာရီအထိ၊ မဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ City Star ဟိုတယ်အထိ လမ်းပိတ်လမ်းလွဲမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ၂၂ ရက်ကနေ ၂၆ ရက် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆူးလေဘုရားလမ်း၊ အနော်ရထာလမ်း လူကူးခုံးကျော်တံတားမှ ဆူးလေဘုရား လူကူးမျဉ်းကျား (မီးသတ်ဘက်အခြမ်း)အထိ လမ်းပိတ်လွှဲဆောင်ရွက်မှာဖြစ်ပါတယ်။

လမ်းပိတ်လမ်းလွှဲဆောင်ရွက်မယ့် ရက်တွေမှာ မော်တော်ယာဉ်မောင်းသူတွေ အနေနဲ့ အခြားသင့်တော်တဲ့ လမ်းတွေကနေ  မောင်းနှင်သွားလာကြဖို့ ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013