DVB Logo
Home
မြန်မာသတင်း
“ပြစ်မှုပြစ်ဒဏ် အရမ်းနည်းလွန်းတယ်” အင်းစိန်အောင်စိုး (ရုပ်သံ)
DVB
·
February 15, 2019
“ပြစ်မှုပြစ်ဒဏ် အရမ်းနည်းလွန်းတယ်” အင်းစိန်အောင်စိုး (ရုပ်သံ)
Donate to DVB

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံတဦးဖြစ်တဲ့ ဇေယျာဖြိုးကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာဟာ ပြစ်မှုပြစ်ဒဏ်နည်းလွန်းတယ်လို့ အကျဉ်းသားဟောင်း အင်းစိန် အောင်စိုးက ပြောကြားလိုက်ပါတယ်။

“နည်းတယ်။ ဘာကြောင့်လဲဆိုရင် ဇေယျာဖြိုးက နောက်ကွယ်ကနေ ဒီကိစ္စကို ဖြစ်မြောက်အောင် အဓိက ငွေထုတ်ပေးစေခိုင်းသူဖြစ်တယ်၊ သေဒဏ်သို့မဟုတ် တကျွန်းကျရမယ်၊ ပြစ်မှုပြစ်ဒဏ် အရမ်းနည်းလွန်းတယ်။ ဒါက ဖမ်းဆီးစစ်ဆေးတဲ့ လူတွေနဲ့ အပိုင်းနဲ့ သက်ဆိုင်သွားပြီ။ ကိုယ်ဖိုက်တယ်၊ ဖိုက်တဲ့အခါမှာ အောင်ဝင်းဇော်ပေါ်သွားတယ်၊ အောင်ဝင်းဇော် ဆက်လက်ပေါ်တဲ့အခါမှာ ဒီဇေယျာဖြိုးတို့ အောင်ဝင်းခိုင်တို့ ဆက်လက်ဖြစ်ပေါ်လာတာ။ အဲဒီတော့  ကိုယ့်ဘက်က တာဝန်ကျေတယ် ကျန်တာကတော့ စစ်ဆေးအရေးယူတဲ့သူတွေရဲ့ အပိုင်းဖြစ်တယ်။ ကိုယ့်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ကိုယ့်သဘောထား ကိုယ်ပြောမယ်ဆိုရင် ဇေယျာဖြိုးကို အမိန့်ချတာ အရမ်းနည်းပါးလွန်းတယ်၊ သူဟာ ဒီကိစ္စဖြစ်မြောက်အောင် ငွေပေးစေခိုင်းသူဖြစ်တဲ့အတွက် သူက တကျွန်းသို့မဟုတ် တကြိုးကျရမယ်။”

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေနတ်နဲ့ အနီးကပ်ပစ်သတ်ခဲ့တဲ့ ကြည်လင်းအပါအ၀င် လေးဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ အပြီးသတ်အမိန့် ချမှတ်လိုက်ခဲ့ပါတယ်။

အမိန့်အရ ကြည်လင်းက သေဒဏ်နဲ့ အနှစ် ၂၀ ၊ အောင်ဝင်းဇော်က သေဒဏ်၊  ဇေယျာဖြိုးက ထောင်ဒဏ် ၅ နှစ်နဲ့ အောင်ဝင်းထွန်းကတော့ ထောင်ဒဏ် ၃ နှစ်ချမှတ် ခံရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013