DVB Logo
Home
မြန်မာသတင်း
အလန်းစားစာသားတွေနဲ့ ဂျူဝယ်လ်ရဲ့ ပြတ်သွားတဲ့ ရည်းစားအကြောင်း သီချင်း-Ex (ရုပ်သံ)
DVB
·
February 15, 2019
အလန်းစားစာသားတွေနဲ့ ဂျူဝယ်လ်ရဲ့ ပြတ်သွားတဲ့ ရည်းစားအကြောင်း သီချင်း-Ex (ရုပ်သံ)
Donate to DVB

“ကိုယ်နဲ့ ပြတ်သွားတဲ့ Ex အကြောင်း ပြန်မတွေးနဲ့… ခေါင်းရှုပ်တယ်… မစဉ်းစားနဲ့ … နေတတ်ရင် လောကကြီးက ပျော်စရာကြီးပဲ… အေးဆေးနေကာ လောကကြီးမှာ… ပျော်လိုက်စမ်းပါ”
ဒါကတော့အသစ်စက်စက် ထွက်ရှိလာတဲ့ တေးသံရှင် ဂျူဝယ်လ်ရဲ့ Ex အမည်ရ တဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ တေးရေး တူးတာက ရေး စပ်ပေးထားခဲ့တာဖြစ်ပြီး ပြတ်သွားတဲ့ ရည်းစားဟောင်း Ex အကြောင်းကို အလန်းစား သီချင်းစာသားတွေနဲ့ ပရိသတ်တွေက ခံစားနားဆင်ကြရမှာပါ။
“သွားပါစေ… သွားပါစေ… သူကြိုက်တဲ့လမ်းကို သူရွေးချယ်ကာ… ထွက်သွားပါ စေ… မတားနဲ့… မတားနဲ့… မင်းဘ၀ရဲ့ ရှေ့ဆက်လမ်းများမှာ… သူမပါပဲ… ပျော်ပျော်နေ လိုက်”
ပြတ်သွားတဲ့ ချစ်သူကို မတားပဲ တကိုယ်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွား လိုက်ဖို့ ခွန်အားပေးတဲ့ ပုံစံရေးစပ်ထားတဲ့ ဒီသီချင်းထဲမှာတော့ ဂျူဝယ်လ်ရဲ့ ပုံမှန် တွေ့ နေကျ အလွမ်း၊ အဆွေးစာသားတွေနဲ့ မဟုတ်ပဲ ခပ်မြူးမြူးသံစဉ်တွေနဲ့ တမူထူးခြားနေခဲ့ တာပါ။
ဒီသီချင်းကိုတော့ သီချင်းစာသား Lyrics Video အနေနဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ကာ B&M Things ရဲ့ ချစ်စဖွယ် အဲန်နီမေး ရှင်းတွေနဲ့ ဖန်တီးတင်ဆက်ထားတာ ဖြစ်ပါတယ်။
“သူ မင်းကို လွမ်းလာလိမ့်မယ် တနေ့ကျ… မင်းအချစ်တွေ သူတမ်းတနေမှာ… နောင်တနဲ့ မင်းရဲ့ ရှေ့ကို ပြန်လာခဲ့ရင်… ဘာလုပ်မလဲ… မင်း တွေးထားပါ သူငယ်ချင်း… ခုတော့… သွားပါစေ… သွားပါစေ… သူကြိုက်တဲ့လမ်းကို သူရွေးချယ်ကာ… ထွက်သွားပါ စေ… မတားနဲ့… မတားနဲ့… မင်းဘ၀ရဲ့ ရှေ့ဆက်လမ်းများမှာ… သူမပါပဲ… ပျော်ပျော်နေ လိုက်”
The Best Of Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တဲ့ ဂျူဝယ်လ်ဟာ အလွမ်းမှတ်တိုင်၊ မချစ်ချင်တော့ပြီ စတဲ့ တကိုယ်တော် သီချင်းတွေအပြင် ကောင်းကောင်းနဲ့ စုံတွဲသီဆိုထားတဲ့ ပျော်နေပါ၊ ဖြိုးပြည့်စုံနဲ့ စုံတွဲသီ ဆိုထားတဲ့ အချစ်ဦးစတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သူတဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013