ဒေါင်းနှင့် ပိုင်ဖြိုးသု ပါဝင်သည့် အချစ်ဖြင့်လွမ်းစေ ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
DVB
·
February 15, 2019

“ကံ့ကော်တွေနဲ့ ဒီလမ်းရယ်… ကန်ရေထက် ဖြတ်လျှောက်လာတဲ့ လေပြေညင်း ရယ်… သတိရမိနေတယ်… အတိတ်က အဖြစ်တွေရယ်… တခါပြန်ထပ်ပြီး ရချင်တယ်”
ဒါကတော့ အသစ်ထွက်ရှိလာတဲ့ အချစ်တွေနဲ့ လွမ်းနေတယ်အမည်ရတဲ့ သီချင်း ထဲက စာသားတွေဖြစ်ပြီး အချစ်ဖြင့်လွမ်းစေရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးတပုဒ်ဖြစ်ပါတယ်။
ဒီသီချင်းကိုတော့ နာမည်ကြီးတေးသံရှင် မဒီက သီဆိုပေးထားတာဖြစ်ပြီး တေး ရေး ရယ်ဂျီက ရေးစပ်ပေးထားခဲ့တာပါ။
“အချစ်ဆိုတာလည်း အခက်သားကွယ်… ထာဝစဉ် ပေးဆပ်ရရင်လည်း… ကျေ နပ်နှစ်သိမ့်နိုင်တယ်… တိုတောင်းတဲ့ ဒီဘ၀ထဲ… ရင်ထဲအချစ်က အေးမြတယ်… တို့နှစ် ဦးဆုံခွင့် မရှိရင်လည်း”
အချစ်ဖြင့် လွမ်းစေရုပ်ရှင်ကားကိုတော့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့်ကို ဂုဏ် ပြုတဲ့အနေနဲ့ စာရေးဆရာမ နုနုရည်အင်းဝရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ နေသန်မောင်က ရိုက်ကူးမှာ ဖြစ်ပါတယ်။
“လွမ်းနေမယ်… ပြန်လာပါ ချစ်သူရေ… စောင့်မျှော်နေတယ်… ပြန်လာမယ့် နေ့ ရက်တိုင်ကွယ်… ဘ၀ကံကြမ္မာရယ် ဘာကြောင့်များ တို့နှစ်ယောက် ဝေးစေသလဲ… တောင်းပန်တယ် အရင်လို အတူရှိချင်တယ်… အနားမှာကွယ် အချိန်တွေတိုင်း ပေးဆပ် လိုက်ချင်ရဲ့”
တက္ကသိုလ်နောက်ခံ အချစ်ဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကား ထဲမှာ ဒေါင်း၊ ပိုင်ဖြိုးသု၊ အိန်ဂျယ်လမုန်တို့က အဓိက သရုပ်ဆောင်တွေအနေနဲ့ ပါဝင် ထားကြတာ ဖြစ်ပါတယ်။
လတ်တလောထွက်ရှိလာခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ဝင်တေးထဲမှာတော့ သရုပ်ဆောင် တွေရဲ့ လှုပ်ရှားသရုပ်ဆောင်မှုပုံရိပ်တွေနဲ့အတူ ရန်ကုန်တက္ကသိုလ်ရဲ့ ရှုခင်းအလှအပ တွေကိုပါ ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။