DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း လူ့အခွင့်အရေးလှုပ်ရှားသူ ၃ ဦးကို ဥရောပသမဂ္ဂက ဆုချီးမြှင့်
DVB
·
February 15, 2019
မြန်မာပြည်တွင်း လူ့အခွင့်အရေးလှုပ်ရှားသူ  ၃ ဦးကို ဥရောပသမဂ္ဂက ဆုချီးမြှင့်
Donate to DVB

မြန်မာပြည်တွင်းမှာ ကျားမရေးရာ၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ် ၃ ဦးကို ဥရောပသမဂ္ဂ (အီးယူ) ကနေ ၂၀၁၉ 2019 SCHUMAN AWARDS ဆုတွေ ချီးမြှင့်လိုက်ပါတယ်။

လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်နန်းပုနဲ့ လူငယ်ခေါင်းဆောင်နဲ့ လူ့အခွင့်အရေးထောက်ခံအားပေးသူ ကိုအောင်ကျော်မိုးတို့ကို ဖေဖော်ဝါရီ ၁၄ရက် ညက ရန်ကုန်မြို့ရှိ  အီးယူသံအမတ်ကြီးနေအိမ်မှာ အခမ်းအနားနဲ့ ပေးအပ်ချီးမြှင့်ခဲ့တာပါ။

အီးယူသံအမတ်ကြီး  Kristian Schmidt က "ဒီညချီးမြှင့်ရတဲ့ ဆုဟာ ပြောဆိုနိုင်ခွင့်မရှိသူတွေ၊ အားနည်းသူတွေနဲ့ မိမိကိုယ်တိုင်အတွက်မဟုတ်ဘဲ လူသားအားလုံးအတွက်အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာရန်တောင်းဆိုသူတွေအတွက် ရပ်တည်ပြောဆိုပေးကြတဲ့ သူတို့ရဲ့ သတ္တိကို ချီးမြောက်ဂုဏ်ပြုတာ”လို့ ပြောပါတယ်။

ဒီအခမ်းအနားကို နိုင်ငံတကာသံအမတ်ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ တက်ရောက်ကြပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ တကမ္ဘာလုံးကတန်ဖိုးထားတဲ့ ဒီမိုကရေစီအရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေမြှင့်တင်ဖို့ ရှုးမန်းဆုတွေကို နှစ်စဉ် ရွေးချယ် ပေးအပ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013