DVB Logo
Home
မြန်မာသတင်း
တပ်​မ​တော်​အပေါ် အကြည်​ညိုပျက်​​စေမှုဖြင့် ရွှေဝါရောင်ဆရာ​တော်တပါးကို စတင်တရားစွဲ
DVB
·
February 14, 2019
တပ်​မ​တော်​အပေါ် အကြည်​ညိုပျက်​​စေမှုဖြင့် ရွှေဝါရောင်ဆရာ​တော်တပါးကို စတင်တရားစွဲ
Donate to DVB

လူမှုကွန်ရက်ပေါ်မှာ တပ်မတော်ကိုသိက္ခာကျဆင်းအောင် ပုတ်ခတ်ရေးသားခဲ့တယ်ဆိုပြီး ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)ကို တပ်မတော်သားတဦးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတာကို   ဒီကနေ့ အမရပူရမြို​နယ်​တရားရုံးက လက်​ခံလိုက်​ပါတယ်​။

အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက်က မဟာဂန္ဓာရုံကျောင်းတိုက်မှာသီတင်းသုံး​နေတဲ့ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)ဟာ လူမှုကွန်ရက်စာမျက်​ပေါ်မှာ ၂၀၁၈ စက်တင်ဘာ ၉ ရက်နေ့က စေတနာတွေ မှန်ကန်ဖို့လိုပါတယ်။ ခေါင်းစဉ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ရဲ့ ဆေးကုသမှုနဲ့ ပတ်သက်ပြီး ရေးသားခဲ့တာပါ။

“မြတောင် ကျောင်းတိုက်အတွင်း ဆေးကုနေမှုကို ကိုယ့်အလုပ်ကို လုပ်တာဘဲ သဘာဝကြပါတယ်​။ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ကျန်းမာရေး ဝန်ကြီးဌာနက လုပ်တာသဘာဝကြပါတယ်။ တပ်ကတောင်းတဲ့ ဘတ်ဂျက်စာရင်းထဲမှာ အဲဒီအတွက် ထည့်တောင်းတာဆိုရင်တော့ နောက်နှစ်တွေမှာ လျော့ပေါ့ ပြီး​တောင်းကြပါ”လို့ ရေးသားကာ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း “တပ်မတော်စွမ်းမှသာ တိုင်းပြည်အေးချမ်းမည် ဗီနိုင်းဆိုင်းဘုတ်ရဲ့နောက်မှာခြေအတု တပ်ဆင်ထားသော စစ်မှုထမ်းဟောင်းပုဆိုးဝတ်ပုံကိုတင်​ပြီး ပုံရဲ့အပေါ်မှာ တပ်မတော်က မစွမ်းဘဲခိုးနေတော့ တိုင်းပြည်မွဲတာပေါ့”လို့ ​ဆက်​လက်​​ရေးသားခဲ့ ပါတယ်။

ဒါကြောင့် ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)ကို တပ်မတော်နဲ့ တပ်မတော်သားတွေအပေါ် ဂုဏ်သိက္ခာထိခိုက်သည်လို့ဆိုကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ပြည်သူ့စစ်မှ ဦးစီးအရာရှိ(ပထမတန်း)ဒု ဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မရဲစခန်းကို တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ)နဲ့ အမှုဖွင့်ထားခဲ့ပါတယ်။

ဘဝအလင်းဆရာ​တော်​ဦး​သောဘိတက “ဦးဇင်းလို ရဟန်း​တော်​​တွေကို တပ်​မ​တော်​က​နေ လုပ်​ချင်​တိုင်းလုပ်​လို့မရ​အောင်​ ဦးဇင်းတို့တ​တွေက ၂၀၀၈ အ​ခြေဥပ​ဒေထဲပါတဲ့ အထူးသဖြင့် ၄၃၆ ကို အမြန်​ဆုံးပြင်​ဖို့ ဝိုင်းပြီး ကြိုးစားရမယ်​။ ပြည်​သူ့အစိုးရလက်​ထက်​မှာ ပြည်​သူ့အာဏာက ပြည်​သူ့လက်​ထဲမှာ အပြည့်အဝ ရှိရမယ်​။ အာဏာက ပြည်​သူလူထုက ဆင်းသက်​တာဖြစ်​ရမယ်​။ ဘာဘဲဖြစ်​ဖြစ် ​ဦးဇင်းတို့တ​တွေက ၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေကိုပြင်​ဖို ဝိုင်းဝန်းကြိုးစားကြရ မယ်​။ ဝန်းရံကြရမယ်​ အား​ပေးကြရမယ်​။ ပါဝင်​ကြရမယ်​။ အဲဒီမှာ မပါဝင်​ကြဘူးဆိုရင်​​တော်​ နိုင်​ငံသား တ​ယောက်​ရဲ့ ဂုဏ်​သိက္ခာပျက်​ယွင်းခြင်းဘဲ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်​ဖို့ထဲမှာ ဦးဇင်းတို့လည်း ပါတယ်​” လို့ မိန့်​ကြားပါတယ်​။

ဖေ​ဖော်​ဝါရီ ၂၈ရက်​​နေ့မှာ တရားလိုဘက်​က ​သုံး​ယောက်​ကို စတင်​စစ်​​ဆေးဖြစ်​မယ်​လို့ ဆရာ​တော်​ဦး​သောဘိတရဲ့​ရှေ့​နေ ဦး​အောင်​သိန်းက​ပြောပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013