DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ်၌  ရဲတပ်ဖွဲ့ဝင် အချင်းချင်းစကားများ ပစ်ခတ်မှုဖြစ်ပွား၊ ၁ ဦးသေဆုံး
DVB
·
February 14, 2019
ကျောက်ဖြူမြို့နယ်၌  ရဲတပ်ဖွဲ့ဝင် အချင်းချင်းစကားများ ပစ်ခတ်မှုဖြစ်ပွား၊ ၁ ဦးသေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊  အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှာ တာဝန်ထမ်းနေတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး စကားများရာက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့  ရဲတပ်ဖွဲ့ဝင် တဦးသေဆုံးသွားတယ်လို့ ကျောက်ဖြုခရိုင် ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရပါတယ်။

ဖေဖော်ဝါရီ ၁၃ရက် ည၁၀ နာရီဝန်းကျင်က ကင်းတာဝန်ချထားမှုနဲ့  ပတ်သက်ပြီး ရဲတပ်သားမင်းထက်အောင်နဲ့ ရဲဒုတပ်ကြပ်စောမောင်တို့ စကားများ ရန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

စကားများရာမှာ ရဲဒုတပ်ကြပ်စောမောင်က  ကိုင်ဆောင်ထားတဲ့ BA-63 မောင်းပြန် ရိုင်ဖယ်သေနတ်နဲ့ တချက်ပစ်ခတ်ခဲ့လို့  ရဲတပ်သား မင်းထက်အောင်ရဲ့ ယာဘက်ဆီးစပ်မှာ ကျည်ဆန်ဖောက်ဝင်ဒဏ်ရာတချက် ရရှိခဲ့ပြီး ကျောက်ဖြူဆေးရုံသို့  ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့တာလို့ ကျောက်ဖြူမြို့မရဲစခန်းက သိရပါတယ်။

ကျောက်ဖြူမြို့မရဲစခန်း တာဝန်ရှိသူတဦးက “အမှုဖွင့်ထားပါတယ်၊ သူတို့ချင်း ရန်ဖြစ်တာပါ၊ သူတို့ချင်း ပစ်ခတ်ကြတာပါ၊ စစ်ဆေးဆဲပေါ့”လို့ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမှတ်(၃၂)လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်ဇော်နိုင်ဝင်းက တရားလိုပြုလုပ်တိုင်ကြားလာတဲ့အတွက် ကျောက်ဖြူမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့  ရဲဒုတပ်ကြပ်စောမောင်ကို အမှုဖွင့်အရေးယူထားပါတယ်။

သတင်း- နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013