နေပြည်တော်၊ ပျဉ်းမနားတွင် နေအိမ် ၈ လုံး မီးလောင်
DVB
·
February 14, 2019

1 / 4
နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၁၁ နာရီ ၀န်းကျင်က နေအိမ် ၈ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။
ပျဉ်းမနားမြို့ ရန်အောင် ၂ ရပ်ကွက်၊ ရန်နိုင် ၁ လမ်းက နေအိမ်တအိမ်ရဲ့ နောက်ဖေး ၀ါယာ ရှော့ဖြစ်ရာကနေ အခုလို မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
“မီး ဆိုပြီးအော်တော့ အိမ်ပေါ်က မိန်းပြေးချတာပေါ့။ ပြီးတော့ အိမ်သူအိမ်သားတွေ ခေါ်ပြီး အပြင်ထွက်နေတာ။ မီးက ဟိုဘက်လမ်းမှာ လောင်တာဆိုတော့လဲ လန့်တာပေါ့။ မီးသတ်ကားတွေကတော့ ၆ စီး ၇ စီးလောက် လာတယ်”လို့ ရန်နိုင် (၂) လမ်းနေထိုင်သူတဦးက ပြောပါတယ်။











