DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ရန်ကုန်တွင်ဆန္ဒပြသည့် လူငယ် ၅ ဦးကို ရဲစခန်း ဆင့်ခေါ်
DVB
·
February 14, 2019
လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ရန်ကုန်တွင်ဆန္ဒပြသည့် လူငယ် ၅ ဦးကို ရဲစခန်း ဆင့်ခေါ်
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်နေကြတဲ့ ကရင်နီ လူငယ်တွေကို အားပေးထောက်ခံတဲ့အနေနဲ့  ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေ ထဲက လူငယ် ၅ဦးကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်တယ်ဆိုပြီး ကျောက်တံတားမြို့နယ် ရဲစခန်းက ဆင့်ခေါ်ထားပါတယ်။

ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ကို ဖောက်ဖျက်ခဲ့ကြောင်း စွဲဆိုချက်ကို လာရောက်ထုချေရှင်းလင်းဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းက ဆင့်ခေါ်ထားတာပါ။

ဆင့်ခေါ်ခံရသူတွေထဲမှာ  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုလင်းထက်နိုင်၊ ကိုတင်ထွဋ်ပိုင်၊ ကိုမိုးဃ်သွေး၊ မအိအိမိုးနဲ့ မအိသဉ္ဖာမောင်တို့ ပါဝင်ပါတယ်။

ဆင့်ခေါ်ခံရသူ လူဘောင်သစ်လူငယ်ဥက္ကဋ္ဌ မအိသဉ္ဖာမောင်ကတော့ ဒါဟာ လွတ်လပ်စွာ ပြောဆို ပိုင်ခွင့်ဖြစ်တာကြောင့် သွားရောက်ထုချေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ဒီကိစ္စက ဟိုမှာတကယ်တမ်းဖြစ်နေတဲ့ဟာကို တကယ်ပဲဖြစ်နေတယ်၊ တကယ်ပဲ လုပ်ရမယ့်ကိစ္စမို့လို့ ညီမတို့ ဒီဘက်က လုပ်လိုက်တာပေါ့နော်။ အဲဒါက ညီမတို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုင်ခွင့်နဲ့ဆိုင်တယ်။ ဒါက ညီမတို့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်၊ လူတဦးချင်းစီရဲ့ မူလ အခွင့်အရေးဖြစ်တယ်လို့ ညီမတို့က ယုံကြည်တယ်ပေါ့နော်။ အဲဒီအတိုင်းပဲ ယုံကြည်လို့ ညီမတို့ ထွေထွေထူးထူး သွားပြီးရှင်းပြတာမျိုးတော့မရှိဘူး။ သွားပြီးရင်ဆိုင်မျိုးလည်း မရှိဘူးပေါ့နော်။ တကယ်လို့ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုသွားတာရှိရင် ညီမတို့က ဘယ်တရားရုံးမှာမှ မရင်ဆိုင်ဘူးဆိုတဲ့ အကြောင်းကိုတော့ ညီမတို့ သပိတ်မှောက် ထားတာပေါ့နော်။”

ဖေဖော်ဝါရီ ၁၂ မနက်က  လွိုင်​​ကော်​မြို့မှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ကန့်​ကွက်​ဆန္ဒပြတဲ့ လူငယ်တွေကို ပြည်​နယ်​ရဲတပ်​ဖွဲ့က မီးသတ်ပိုက်​နဲ့ ရာဘာကျည်​​​တွေကို သုံးပြီး လူစုခွဲ ဖြိုခွင်းခဲ့ရာမှာ လူငယ် ၂၀ကျော် ထိခိုက်ဒဏ်ရာရသွားပါတယ်​။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ကျောင်းသားလူငယ် ၃၀ လောက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013