DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့တွင် ဆိုင်ကယ်အန္တရာယ်လျှော့ချရေးပညာပေး
DVB
·
February 14, 2019
စစ်တွေမြို့တွင် ဆိုင်ကယ်အန္တရာယ်လျှော့ချရေးပညာပေး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မတော်တဆ ဆိုင်ကယ်တိုက်တာတွေ အဖြစ်များနေတဲ့အတွက် ဆိုင်ကယ် အန္တရာယ်လျှော့ချရေး အသိပညာပေးကမ်ပိန်းကို ဒီကနေ့မနက်က ပြုလုပ်ပါတယ်။

အဲဒီ ကမ်ပိန်းကို ရခိုင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စစ်တွေမြို့က ဆိုင်ကယ်စီး လူငယ်တွေနဲ့ တက္ကသိုလ်ကျောင်းသား စုစုပေါင်း ၁၀၀ ကျော်က ပူးပေါင်းပြုလုပ်တာ ဖြစ်ပါတယ်။

ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပါ၊ အရှိန်ပြင်းမမောင်းပါနဲ့၊ မူးယစ်ကင်းစင်မှ မောင်းပါ၊ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ အားလုံးပူးပေါင်း ဆောင်ရွက်ကြပါစို့ စတဲ့ ဆိုင်းဘုတ်တွေကိုင်ကာ စစ်တွေမြို့တပတ် လှည့်လည်ဆိုင်ကယ်စီးကြွေးကြော်ခဲ့ကြပါတယ်။

ဒါ့အပြင် ဆိုင်ကယ်စီးသူတွေကို ဦးထုပ် ၁၀၀ ကျော်နဲ့ ပညာပေး စာတန်းတွေပါဝင်တဲ့ အင်္ကျီတွေကိုလည်း ဖြန့်ဝေခဲ့ပါတယ်။

အခုလို ကမ်ပိန်းတွေများများလုပ်နိုင်ဖို့ ကြိုးပမ်းမှာဖြစ်ပြီးရှိ ပညာပေးမှုတွေကြောင့် ယာဉ်တိုက်မှုတွေ သိသိသာသာလျာ့ကျသွားနိုင်တယ်လို့လည်း ကမ်ပိန်းလုပ်တဲ့ လူငယ်တွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်တခုလုံးမှာ ယာဉ်မတော်တဆမကြောင့် သေဆုံးသူ ၁၇၀ ဦးရှိပြီး ယာဉ်မတော်တဆမှုပေါင်း ၄၂၉ မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့အထဲမှာ ကားနဲ့ တခြားယာဉ်မတော်တဆမှုတွေဟာ နည်းပါးပေမယ့် ဆိုင်ကယ်မတော်တဆတိုက်မိတဲ့ နှုန်းများပြားနေတယ်လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုတွေလျှော့ချစေဖို့ သက်ဆိုင်ရာက အသိပညာပေးတာတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပေမယ့် ပြည်သူလူထုတွေ အနေနဲ့ လိုက်နာမှု အားနည်းတာကြောင့် အခုလို ယာဉ်မတော်တဆတွေ မြင့်တက်လာတာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ ယာဉ်မတော်တဆမှု ၄၁၄ မှု၊ သေဆုံးသူ ၁၄၉ ဦးနဲ့ ဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်းပေါင်း ၁၃၀၀ ကျော်ရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူစာရင်းတွေကို နှိုင်းယှဉ်ကြည့်ရင်တော့ ၂၀၁၇ ခုနှစ်မှာ ၆၆၄ ဦး ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၆၃၀ ဦးသာ ရှိခဲ့တာကို တွေ့ရပါတယ်။

သတင်း- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013