DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်စရန် အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်၌ ဆွေးနွေး
DVB
·
February 14, 2019
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်စရန် အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်၌ ဆွေးနွေး
Donate to DVB

ပြည်ထောင်စုနေ့ ညစာစားပွဲ တက်ရောက်လာတဲ့ အန်စီအေ လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ မနေ့က နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြန်စဖို့ ဆွေးနွေးခဲ့ကြပါတယ်။

တိုင်းရင်းခေါင်းဆောင်တွေကတော့ သူတို့အဖွဲ့မှာ ပြန်လည်ဆွေးနွေးရမယ့် ကိစ္စဖြစ်တဲ့ အတွက် တစုံတရာ ဆုံးဖြတ်ချက်တွေ မရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“တွေ့ဆုံပွဲလို့ပြောရမှာပေါ့နော်။ ဆွေးနွေးတဲ့အကြောင်းအရာတော့မရှိဘူးပေါ့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆက်နိုင်ဖို့အတွက် သူတို့ကတော့ ပြန်လည်စနိုင်ဖို့တွေ တင်ပြတာပေါ့။ ဒါကတော့ ကျနော်တို့ အဖွဲ့အတွင်းမှာ ပြန်ဆွေးနွေးရမှာပေါ့။ ”

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ အန်စီအေရည်မှန်းချက်တွေ ဆက်လက်အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ အလွတ်သဘော ဆွေးနွေးကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

“အန်စီအေစာချုပ် လက်မှတ်ရေးထိုးထားသူတွေဖြစ်တဲ့အတွက် အန်စီအေစာချုပ်ရဲ့ ရည်မှန်းချက်တွေ Time line တွေအတိုင်းကို အောင်မြင်သည်အထိ ကြိုးစားဆောင်ရွက်ဖို့ဆိုတဲ့ ကတိက၀တ်ရှိတယ်။ အဲဒါကို နှစ်ဖက်လုံးက ဆက်လက် အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ လိုတယ်ဆိုတဲ့ အလွတ်သဘောဆွေးနွေးချက်တွေ ရှိတယ်။ နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒါတွေကိုလည်း အောင်မြင်အောင် ဘယ်လို ဆောင်ရွက်မလဲ ဆိုတဲ့ ဆွေးနွေးချက်တွေ ရှိတယ်။ အဓိကကတော့ များများနဲ့မြန်မြန်တွေ့ပြီးတော့ ယုံကြည်မှုတွေ ပြန်ဆောက်ဖို့လိုတယ်ဆိုတဲ့ ဆွေးနွေးချက်တွေ ဆွေးနွေးတာက အဓိကပါပဲ” လို့ပြောပါတယ်။

ဒီတွေ့ဆုံပွဲကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ ပါဝင်ဆွေးနွေးကြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ချင်း အမျိုးသားတပ်ဦးကလွဲရင် ကျန်တဲ့ အန်စီအေလက်မှတ်ထိုးထားတဲ့အဖွဲ့ ၉ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။  

ဒီတွေ့ဆုံပွဲမှာလည်း တပ်မတော်ဘက်က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ  ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးမင်းနောင်တို့လည်း တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013