DVB Logo
Home
သတင်းတို
ပြည်တွင်းဂျာနယ်အချို့ နေ့စဉ်သတင်းစာ ထုတ်ရန် ပြင်ဆင်
DVB
·
September 27, 2012
ပြည်တွင်းဂျာနယ်အချို့ နေ့စဉ်သတင်းစာ ထုတ်ရန် ပြင်ဆင်
Donate to DVB

ပြည်တွင်းထုတ် ပုဂ္ဂလိက အပတ်စဉ်ထုတ် ဂျာနယ်တွေဟာ နေ့စဉ်သတင်းစာ ထုတ်ဝေနိုင်ဖို့အတွက် လူအရင်းအမြစ် စုဆောင်းတာတွေ၊ ပိုပြီး ကျယ်ပြန့်တဲ့ အဆောက်အဦကို ပြောင်းရွှေ့တာတွေ လုပ်နေတယ်လို့ ဂျာနယ်တိုက် ပိုင်ရှင်တချို့က ပြောပါတယ်။

ရန်ကုန် မီဒီယာဂရုဖ်အနေနဲ့ လက်ရှိ လူအင်အား ၇၀ ကျော် ရှိရာကနေ သတင်းစာထုတ်ဝေရင် လူ ၁၅၀ ၀န်းကျင် ရှိလာမှာဖြစ်တဲ့အတွက် ပိုပြီး ကျယ်ဝန်းတဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်ကို ပြောင်းရွှေ့ ထားတယ်လို့ အမှုဆောင်အရာရှိချုပ် ဦးကိုကို (စက်မှု) ကပြောပါတယ်။

အလားတူ သတင်းစာ ထုတ်ဝေဖို့ သမ္မတထံ တင်ပြတဲ့အထဲမှာ ပါဝင်တဲ့ အလဲဗင်းမီဒီယာ ဂရုဖ်ကလည်း ပုံနှိပ်နဲ့ ဗွီဒီယိုသတင်းလုပ်ကိုင်ဖို့ ၅၅ ဦး၊ အခြားတာဝန်တွေအတွက် ၂၄ ဦး၊ စုစုပေါင်း လူ ၇၉ ယောက် လိုနေတယ်လို့ အလဲဗင်းဂျာနယ်တွေမှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာတိုင်းမ် ဂျာနယ်ဟာလည်း သတင်းစာ ထုတ်ဝေနိုင်ဖို့ ပြင်ဆင်နေပြီး ထုတ်ဝေသူ ၇ ဦးကတော့ သတင်းစာထုတ်ဝေခွင့်ပြုဖို့ သမ္မတဆီ တင်ပြထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013