DVB Logo
Home
မြန်မာသတင်း
ဗိုလ်​ချုပ်​​အောင်​ဆန်း​မွေး​နေ့နှင့် မြန်​မာနိုင်​ငံ က​လေးများ​နေ့ မန္တလေးတွင်ကျင်းပ
DVB
·
February 13, 2019
ဗိုလ်​ချုပ်​​အောင်​ဆန်း​မွေး​နေ့နှင့် မြန်​မာနိုင်​ငံ က​လေးများ​နေ့ မန္တလေးတွင်ကျင်းပ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မန္တ​လေးမြို့၊ မ​နော်​ရမ္မန်​ဟစ်​တိုင်​ကွင်းမှာ ​ဖေ​ဖော်​ဝါရီ ၁၃ ရက်​​က ဗိုလ်​ချုပ်​​အောင်​ဆန်းရဲ့ ၁၀၄နှစ် ပြည့်မွေး​နေ့နဲ့အတူ မြန်​မာနိုင်​ငံက​လေးများ​နေ့ကို အမျိုးသမီး​ရေးရာ​ကော်​မတီက ဦး​ဆောင်​ကျင်းပခဲ့ပါတယ်​။

မန္တ​လေးတိုင်းဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်မောင်​က “ကျနော်​တို့ မြန်​မာနိုင်​ငံကို လွတ်​လပ်​​ရေးရ​အောင်​ကြိုးပမ်း​ပေးခဲ့တဲ့ ဗိုလ်​ချုပ်​​အောင်​ဆန်းကို မြန်​မာတနိုင်​ငံလုံးက စံပြ ပုဂ္ဂိုလ်​လို သတ်​မှတ်​​ပေးထားခဲ့တယ်​။ အင်္ဂလိပ်​လက်​​အောက်​ ဂျပန်​လက်​​အောက်​က​နေ လွတ်​​မြောက်​​အောင်​ကြိုးစား​ပေးခဲ့တဲ့ ဗိုလ်​ချုပ်​​အောင်​ဆန်းကို ဂုဏ်​ပြုတဲ့အ​နေနဲ့ ဒီအခမ်းအနားကို ကျင်းပခဲ့တာပါ။ အရင်​တ​ခေတ်​တခါက​တော့ ဗိုလ်​ချုပ်​​အောင်​ဆန်း ​မွေး​နေ့ကို ဒီလို ခမ်းခမ်းနားနား ကျင်းပခွင့်မရခဲ့ပါဘူး။ အဲတာဟာလည်း အရှိတရားပါပဲ။”လို့ ပြောပါတယ်။

ဖေ​ဖော်​ဝါရီလ ၁၃ ရက်​​နေ့ကို ဗိုလ်​ချုပ်​​အောင်​ဆန်း​မွေး​နေ့ကို မကျင်းပခဲ့​နိုင်​​ပေမယ့် မြန်​မာနိုင်​ငံ က​လေးများ​နေ့ဆိုပြီး သတ်​မှတ်​ကျင်းပ​ပေးခဲ့ဖူးပါတယ်​။

ဖေ​ဖော်​ဝါရီလ ၁၃ ရက်​​နေ့ဟာ ဗိုလ်​ချုပ်​​အောင်​ဆန်း​မွေး​နေ့ဆိုတာ က​လေးတိုင်း၊ လူငယ်​တိုင်း သိ​စေချင်​တယ်​လို့လည်း ၀န်ကြီးချုပ်က ပြောသွားပါတယ်။

“​ဖေ​ဖော်ဝါရီ ၁၃ ရက်​ဆိုတာ မ​မေ့အပ်​တဲ့​နေ့ ကျ​နော်​တို့ဗိသုကာကြီးရဲ့​ မွေး​နေ့​နေ့ဆိုတာ က​လေးတိုင်းသိ​စေချင်​တယ်​။ က​လေးတွေရဲ့ရင်​ထဲမှာ ​ပေါက်​ဖွား​စေချင်​တယ်​။ ကျ​နော်​တို့ သူ့ကိုအတုယူရမယ်​ဆိုသိ​စေချင်​တယ်​ ဒီလို အသိ​တွေကိုက​လေး​တွေ မရနိုင်​ပါဘူး မသိနိုင်​ပါဘူး။ ဒီလိုသိ​အောင်​ မိဘနဲ့ ဆရာ​ ဆရာမတွေနဲ့အတူ သက်​ဆိုင်​ရာလူကြီးမိဘ​တွေနဲ့ တာဝန်​ရှိသူ​တွေ ကြိုးစား​ပေးမှ သင်​ကြား​ပေးမှ ​ဆောင်​ရွက်​​ပေးမှသာ က​လေး​တွေအသိရှိလာမှာ ဖြစ်​တယ်​”

ဒီကနေ့ ကလေးများနေ့မှာ စပယ်​ဖူးကိုယ်​ပိုင်​မူကြို​ကျောင်း ​မေတ္တာ​အောင်​​မြေ မူလတန်းကြို​ကျောင်း၊ နားမကြား​ကျောင်း၊ အမှတ် ၉၅ ​ခြေမြန်​တပ်​ရင်းက ကိုယ့်အား ကိုယ်ကိုး​ကျောင်း၊ ကံတက်​ကုန်းဘကကျောင်းစတဲ့ ကျောင်းတွေက ​ကျောင်းသား​ကျောင်းသူ ၅၀၀ ​ကျော်​ တက်ရောက်​ခဲ့ကြပြီး ဗိုလ်​ချုပ်​​အောင်​ဆန်း​မွေး​နေ့ကို ​တေးသရုပ်​​ဖော်​တွေနဲ့ ဂုဏ်​ပြုခဲ့ကြပါတယ်​။

တက်​​ရောက်​လာတဲ့ က​လေး​ငယ်​​တွေကို ဗိုလ်​ချုပ်​​အောင်​​အောင်​ဆန်အထ္တုပ္ပတ္တိ စာအုပ်​တွေနဲ့အတူ သမိုင်းဝင်​စာ​စောင်တွေပေးခဲ့ပြီး  သီဆို​ဖျော်​​ဖြေခဲ့ကြတဲ့ က​လေးငယ်​​တွေကို ၀န်ကြီးချုပ် ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​က ​ကျောင်းသား ​ကျောင်းသူတွေကို ဂုဏ်​ပြုလက်​​ဆောင်​တွေ ပေးအပ်​ခဲ့ပါတယ်​။

ဗိုလ်​ချုပ်​​မွေး​နေ့နဲ့အတူ မြန်​မာနိုင်​ငံက​လေးများ​နေ့ကို မန္တ​လေးတိုင်းအစိုးရ အဖွဲ့ဝင်​တွေ မြန်​မာနိုင်ငံအမျိုးသမီး​ရေးရာ​ကော်မတီက တာဝန်​ရှိသူတွေနဲ့ ကျောင်းသားကျောင်းသူတွေ အပါအ၀င် ၇၀၀ ​ကျော်​ တက်​ရောက်​ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013