
ပြည်ပအခြေစိုက် အွန်လိုင်းသတင်းဌာန တခုဖြစ်တဲ့ မဇ္ဈိမ မီဒီယာဟာ ပြည်တွင်းမှာ မဇ္ဈိမ ဆိုတဲ့ နာမည်နဲ့ပဲ အပတ်စဉ်ထုတ် ဂျာနယ်တစောင်ကို စတင်ထုတ်ဝေလိုက်ပါတယ်။
“ြ
ပည်သူကို အလုပ်အကြွေးပြုရန်၊ လွတ်လပ်၍ တာဝန်သိသော ဂျာနယ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထုတ်ဝေတာ ဖြစ်ပြီး လမ်းဘေး ဂျာနယ်အရောင်းဆိုင်တွေမှာ တစောင် ကျပ် ၅၀၀ နဲ့ ရောင်းချနေပါတယ်။
အခုနှစ်အတွင်း ပြည်ပအခြေစိုက် မီဒီယာတွေဟာ ပြည်တွင်းကို ၀င်ရောက်လေ့လာပြီး ရုံးခန်းဖွင့်လှစ်တာ၊ သတင်းထောက်သစ်တွေ ခန့်အပ်တာ၊ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပေါင်းပြီး မီဒီယာကွန်ဖရင့်တွေ ပြုလုပ်တာ၊ မီဒီယာ သင်တန်းတွေ ပြုလုပ်လာသလို တည်ဆဲဥပဒေတွေအရ အပတ်စဉ် ဂျာနယ် ထုတ်ဝေရာမှာတော့ မဇ္ဈိမက ပထမဦးဆုံး ဖြစ်ပါတယ်။
အဆိုပါဂျာနယ်မှာ နိုင်ငံရေး၊ စီးပွားရေး သတင်းနဲ့ ဆောင်းပါး စုံစုံလင်လင် ပါဝင်ပြီး စာတည်းမှူးချုပ် ကတော့ ဦးစိန်ဝင်း ဖြစ်ပါတယ်။











