DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 13, 2019
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၆၀၂၀၀ ကျပ် ပေါက်ဈေးရှိပြီး တနင်္လာနေ့နဲ့ နှိုင်းယှဉ်ပါက ၂၀၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ ၁ အိတ်ကို ၆၃၀၀၀ မှ ၇၀၀၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁၀၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း)က ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၆၈၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) က ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၇၆၀၀၀ မှ ၇၆၅၀၀ ပေါက်ဈေးရှိပြီး တနင်္လာနေ့နဲ့ နှိုင်းယှဉ်ပါက ၁၅၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၈၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲကြီး

မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၈၀၀၀ မှ ၉၀၀၀၀ ပေါက်ဈေးရှိပြီး တနင်္လာနေ့နဲ့ နှိုင်းယှဉ်ပါက ၅၀၀၀ ကျပ်ဈေး တက်လာပါ တယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲကြီး ၁ အိတ်ကို ၇၅၀၀၀ မှ ၈၇၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ ၃၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၆၆၀၀၀ မှ ၁၇၇၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ နှမ်းဖြူ ၁ အိတ်ကို ၁၈၀၀၀၀ မှ ၁၈၅၀၀၀  ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ၈၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်က ၄၅ ပိဿာသင် ၁ အိတ်ကို ၂၁၁၀၀၀၀ မှ ၂၁၅၀၀၀ ပေါက်ဈေးရှိပြီး ၅၉၀၀၀ ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းနက် ၁ အိတ်ကို ၂၁၀၀၀၀ မှ ၂၃၇၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင်မှာ ၂၂၀၀၀ ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီ ၁ ပိဿာကို ၁၀၀ မှ ၄၂၅ ပေါက်ဈေးရှိပြီး ၇၅ ကျပ် ဈေး ကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီ ၁ ပိဿာကို ၁၀၀ မှ ၄၅၀ ပေါက်ဈေးရှိပြီး ၂၅ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူ နဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၂၅ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013