DVB Logo
Home
မြန်မာသတင်း
ချစ်သူများနေ့မတိုင်ခင်ထွက်လာသည့် အိုင်ရင်းဇင်မာမြင့်၏သီချင်းသစ် ‘အတိတ်က အကြောင်း’
DVB
·
February 13, 2019
ချစ်သူများနေ့မတိုင်ခင်ထွက်လာသည့် အိုင်ရင်းဇင်မာမြင့်၏သီချင်းသစ် ‘အတိတ်က အကြောင်း’
Donate to DVB

“နာကျင်ခြင်းကို ကြင်နာခြင်းလို… မာယာများကို… စာနာမှုလိုပဲမှတ်ထင်တယ်… ဝေဒနာများကို စေတနာထားသလို…ထင်ယောင်မှားသူ ငါကပဲ အမြင်မှားခဲ့တာလား မင်းပြောပါကွာ”

ဒါကတော့ အသစ်ထွက်ရှိလာခဲ့တဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့်ရဲ့ အတိတ်က အကြောင်းအမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ အိုင်ရင်းဇင်မာမြင့်နဲ့ တေးရေး ဖိုးတုတို့ အတူရေးစပ်ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

“ရက်စက်ခြင်းတွေ သူပေးလည်း… စွဲလမ်းစိတ်တွေ မပြေဘူးကွယ်… ခွင့်လွှတ် နားလည်နေခြင်းအကြောင်းက ဘာကြောင့်လဲ… ကိုယ့်ရဲ့ဘဝကိုပုံအပ်ကာ… မင်းတ ယောက်ထဲယုံကြည်ခဲ့တာ… မင်းရဲ့အပြစ်လို့ မမြင်ခြင်းအကြောင်းက ဘာကြောင့်လဲ… မင်းပြောပါကွာ”

နာမည်ကြီး အဆိုတော်များစွာ ထွက်ရှိခဲ့တဲ့ The Best Of Melody World 2018 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲ ရောက်ရှိလာခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်ဟာ အတွဲသီချင်းအယ်လ်ဘမ်တွေ၊ အုပ်စုလိုက်သီချင်းအယ်လ်ဘမ်တွေအပြင် တကိုယ်တော် တေးသီချင်းအယ်လ်ဘမ်တွေဖြစ်တဲ့ ယိမ်းလိုက်၊ ချစ်လို့၊ MAR စတဲ့ အယ်လ်ဘမ် ၃ ချပ်ထွက်ရှိခဲ့ပြီး အောင်မြင်နေသူ ဖြစ်ပါတယ်။

“အိမ်မက်တခုလို ဖြစ်သွားခဲ့… အလွမ်းများ ငါ့ကိုချန်ထားခဲ့… မင်းလှည့်ကွက်မှာ ငါ တဖြည်းဖြည်းနဲ့နားလည်ခဲ့… လမ်းလေးတခုမှာ ဆုံဆည်းခဲ့… လမ်းမထက်မှာ တို့ဝေးခဲ့… အရှုံးအမြတ်မရှိပါ အလှည့်အပြောင်းလေးတခု အဖြစ်မဟုတ်လား… မင်းပြောပါကွာ”

ရှိခဲ့ဖူးတဲ့ ချစ်သူ ၂ ဦးကြားက အဆုံးသတ်မလှတဲ့ အမှတ်တရ အဖြစ်အပျက် တွေကို လှလှပပ သီဖွဲ့ထားတဲ့ ဒီသီချင်းထဲမှာလည်း ပရိသတ်တွေက အိုင်ရင်းဇင်မာမြင့်ရဲ့ ပင်ကိုယ်ဟန်နဲ့ ထူးခြားတဲ့ သီဆိုမှုကို ခံစားမိကြမှာ ဖြစ်ပါတယ်။

မနက်ဖြန် ကျရောက်တော့မယ့် ချစ်သူများနေ့မတိုင်ခင် ထွက်ရှိလာတဲ့ ဒီသီချင်း ကိုတော့ အောက်က လင့်ခ်မှတဆင့် ၀င်ရောက်နားဆင်နိုင်ပါတယ်။

http://www.joox.com/mm/en/single/LEkEKL2QahecMSmAUrtfTw==

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013