DVB Logo
Home
မြန်မာသတင်း
ဒါရိုက်တာ ကျန်းရီမု၏ ယဉ်ကျေးမှု တော်လှန်ရေးရုပ်ရှင် ပြသခွင့် ပယ်ချခံရ
DVB
·
February 13, 2019
ဒါရိုက်တာ ကျန်းရီမု၏ ယဉ်ကျေးမှု တော်လှန်ရေးရုပ်ရှင် ပြသခွင့် ပယ်ချခံရ
Donate to DVB

တရုတ်ရုပ်ရှင်ဒါရိုက်တာ ကျန်းရီမုရဲ့ ယဉ်ကျေးမှု တော်လှန်ရေးရုပ်ရှင်ဟာ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခွင့် ပယ်ချခံရပါတယ်။

"One Second" လို့ အမည်ရတဲ့ အဲဒီရုပ်ရှင်ဟာ ၁၉၆၆-၇၆ ကာလ နိုင်ငံရေး မတည်ငြိမ်မှုတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာပါ။

ရုပ်ရှင်ကို ဘာလင်ရုပ်ရှင် ဆုချီးမြှင့်ပွဲ အခမ်းအနား မတိုင်မီ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားတာပါ။

ရုပ်ရှင်ပွဲတော် ဒါရိုက်တာက နည်းပညာ အကြောင်းပြချက်ကြောင့် အဆင်သင့် မဖြစ်သေးကြောင်း ပြောခဲ့ပေမယ့် ဆင်ဆာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

အဆိုပါ "One Second" ရုပ်ရှင်အစား ကျန်းရဲ့ ၂၀၀၂ ခုနှစ် အအောင်မြင်ဆုံးရုပ်ရှင် "Hero" ကို ပြသသွားမှာ ဖြစ်ပါတယ်။

ကျန်းရီမုဟာ ၁၉၈၈ ခုနှစ်က "Red Sorghum" ရုပ်ရှင်နဲ့ ရွှေဝက်ဝံဆုကို ရရှိတဲ့ ပထမဆုံး တရုတ်ရုပ်ရှင် ဒါရိုက်တာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013