DVB Logo
Home
သတင်းတို
လွှတ်တော်အစည်းအဝေးများ အောက်တိုဘာ ၁၈ ရက်နေ့ ပြန်စမည်
DVB
·
September 27, 2012
လွှတ်တော်အစည်းအဝေးများ အောက်တိုဘာ ၁၈ ရက်နေ့ ပြန်စမည်
Donate to DVB

ခေတ္တရပ်နားထားတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ကို အောက်တိုဘာ ၁၈ ရက်နေ့ ပြန်စမယ်လို့ လွှတ်တော်ရုံး ၂ ခုက နိုင်ငံပိုင် သတင်းစာတွေကနေ တဆင့် ဒီနေ့ ကြေညာပါတယ်။

ပြီးခဲ့တဲ့ စတုတ္တအကြိမ် လွှတ်တော် အစည်းအဝေးတွေဟာ စက်တင်ဘာ ၇ ရက်နေ့က ရပ်နားခဲ့တာဖြစ်ပြီး ကြားထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အချိန် ရက်ပေါင်း ၄၀ လောက်ပဲ ရကြတာပါ။

ဒီ ရက်ပေါင်း ၄၀ အတွင်းမှာလည်း လွှတ်တော်ကော်မတီနဲ့ ရေးရာ ကော်မတီ လုပ်ငန်းတွေ လုပ်နေရလို့ ကိုယ့်မဲဆန္ဒနယ်မြေက ပြည်သူတွေနဲ့ ထိတွေ့ချိန် မရဘူးလို့ အမတ်တွေက ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်အမတ်တွေဟာ ကိုယ့်မဲဆန္ဒနယ်က ပြည်သူတွေနဲ့ ထိတွေ့နေဖို့ အချိန်လိုအပ်ပြီး လွှတ်တော်ကျင်းပပုံနဲ့ ပတ်သက်တဲ့ Calendar အချိန်ဇယား သတ်သတ်မှတ်မှတ် တခု လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး ကာလက ပြောဆိုခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013