DVB Logo
Home
မြန်မာသတင်း
ထန်းတပင်မြို့ ဗိုလ်ချုပ် မိန့်ခွန်းပြောခဲ့သည့်နေရာတွင် ကလေးများနေ့ပွဲကျင်းပ
DVB
·
February 13, 2019
ထန်းတပင်မြို့ ဗိုလ်ချုပ် မိန့်ခွန်းပြောခဲ့သည့်နေရာတွင် ကလေးများနေ့ပွဲကျင်းပ
1 / 20
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၁၀၄ နှစ်ပြည့်မွေးနေ့နဲ့ ကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ဟောပြောပွဲတွေကို ဒီကနေ့မနက်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့မှာ ကျင်းပပါတယ်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ဖက်ဆစ်တော်လှန်ရေးသမိုင်းဝင် ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်းပြောခဲ့တဲ့ ညောင်ပင်ကြီးရှိရာနေရာနဲ့ ဖက်ဆစ်ဂျပန် တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ထန်းတပင်နယ်သား လယ်သမားကြီးသုံးဦးရဲ့  အာဇာနည် ကျောက်တိုင်ရှိရာ ထန်းတပင်မြို့ အမှတ် ၁ရပ်ကွက် မြသိန်းတန်ဘုန်းတော်ကြီးကျောင်း သမိုင်းဝင်ဓာတ်ပုံတွေ ပြသပြီး ကျင်းပတာဖြစ်ပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနဲ့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမောင်တို့က ဦးဆောင် စီစဉ်ကျင်းပတာဖြစ်ပြီး စာပေဟောပြောပွဲမှာတော့ စာရေးဆရာ ကဗျာဆရာ မုံရွာအောင်ရှင်နဲ့ ဟံသာဝတီဦးအုန်းကြိုင်တို့က ဗိုလ်ချူပ်အမှတ်တရ ဟောပြော ခဲ့ကြပါတယ်။

ဒါ့အပြင် ကလေးများနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ၊ အာလူးကောက်ပြေးပွဲ၊ မုန့်စားပြေးပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ သီချင်းဆိုပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေထည့်သွင်းကျင်းပခဲ့ပြီး ထမင်း၊ ခေါက်ဆွဲကျော်၊ ပဲပြုတ်နံပြားနဲ့ ထမနဲတွေ ကျွေးမွေးဧည့်ခံကာ အားကစားပြိုင်ပွဲမှာ အနိုင်ရတဲ့ ခလေးတွေကို ဆုတွေချီးမြှင့်ခဲ့ပါသည်။

သတင်း၊ ဓာတ်ပုံ- လွင်မှိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013